Chapter - 16

101 16 0
                                    

Unicode

Happy Birthday to You ချင်းဟန်!!

ဆေးရုံခန်းလေးတစ်ခု၌ ကုတင်ပေါ်တွင်အေးချမ်းစွာလှဲလျောင်းနေသောကောင်ငယ်လေးဘေးတွင် စတော်ဘယ်ရီမွေးနေ့ကိတ်လေးကိုကိုင်ကာ ထိုင်နေတဲ့ ကောင်လေးတစ်ယောက်ရှိသည်။

I wish you wake up on this 18th birthday

18နှစ်တောင်ပြည့်ပြီ 6နှစ်တောင်ကြာပြီ အိပ်လို့မဝသေးဘူးလား မင်းကိုကို ကိုထပ်မစောင့်စေချင်နေတော့နဲ့လေ...

ဟင်းး

ကုတင်ပေါ်မှာ မေ့မျောနေသောကောင်လေးကတော့ ဘာမှမသိစွာ အိပ်မောကျနေတယ်

ဇန်တွေးမိသည် ရှင်းချင်းဟန် ကသူ့အမေနဲ့တူပြီး ချစ်စရာကောင်းသည်။ ရှင်းလီရန်မှာ အမေဘက်က ပန်းရောင်ဆံပင်နဲ့ အဖေ့ရဲ့အပြာရောင်မျက်ဝန်းတွေ၊ ရှင်းချင်းဟန်မှာ အဖေ့ရဲ့ ရွှေရောင်ဆံပင်တွေနဲ့ အမေ့ရဲ့ စိမ်းရောင်မျက်ဝန်းတွေ ဒါပေမဲ့ ရုပ်ကျ အမေနဲ့တူတာ။

ချင်းဟန် ရဲ့ဆံပင်လေးကိုဖွလိုက်ပြီး ကိတ်မုန့်လေးကို စားပွဲပေါ်တင်ထားသော ကျူးလစ်ဝါဘေးမှာချထားလိုက်ပြီး နှုတ်ဆက်လိုက်တယ်။ထို့နောက် အိမ်သို့ပြန်လာခဲ့တယ်။

ဝေး လီရန်!!

အိမ်ထဲဝင်သည်နှင့် ဆိုဖာတွင်ထိုင်ကာ ဂိမ်းဆော့နေသော သူငယ်ချင်းဖြစ်သူ ကျိုးလော့စန်းကိုတွေ့ရသည်။

ရို့ တိတ်ဆိတ်နေတာဘဲ ဘာဖြစ်တာလဲ

ငြိမ်ငြိမ်နေ

အိုး မင်းလဲကွာ မနေ့ကတည်းက ပြန်လာထဲကငြိမ်နေတာ ဟမ် ဘာဖြစ်နေတာလဲ

ဘာမှမဖြစ်ဘူး

ဟင်း မင်းညီလေးကော ဘယ်လိုလဲ

ကျိုးလော့စန်းသည် လီရန်တို့၏အကြောင်းကိုသိသောသူဖြစ်သည်။သို့သော် ချင်းဟန်ကိုမတွေ့ဖူးသေးပင်။ရှင်းလီရန်က ချင်းဟန်ကိုဝှက်ထားခြင်းဖြစ်သည်။

ပုံမှန်ဘဲ

ကျိုးလော့စန်းက ပုခုံးကိုလာဖက်ကာ ဒီနှစ်လည်း မနှိုးသေးဘူးဘဲ ဘာမှဖြစ်ပါဘူး နောက်နှစ်တွေရှိပါသေးတယ်

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now