Chapter - 11

119 18 0
                                    

Unicode

Akiraသည် နေရာကူးပြောင်းခြင်း‌မှော်စက်ဝိုင်းဖြင့် သူ့အိမ်သို့ရောက်လာပြီး အိမ်ရှေ့တွင် ရပ်နေမိသည်။

အပြင်မှပြန်လာသော Haruသည် အိမ်ရှေ့တွင်ရပ်နေသော Akiraကိုတွေ့ခိုက်
သခင်!!!...ပြန်ရောက်လာပြီ။

သခင် ဘယ်ရောက်နေတာလဲ.. နှစ်ရက်ကျော်တောင်ရှိပြီ သခင်ပြန်မလာတာ..သခင်ရဲ့ အစ်ကိုက သခင့်ကိုတစ်အားစိတ်ပူနေတာ။

ငါအရင် အိမ်ထဲဝင်ပါရစေအုန်း

အာ ဟု ‌

Akiraအိမ်ထဲဝင်လာချိန်တွင် အိမ်ပေါ်ထပ်မှဆင်းလာသော Asahiကမြင်ကာ haruသကဲ့သို့မေးမြန်းတော့သည်။
Akiraလည်း ကျိုးကြောင်းစီလျောအောင် အမှန်တစ်ဝက် အမှားတစ်ဝက်ပြောလိုက်သည်။

Akriaရေမိုးချိုးပြီး အခန်းထဲ နားနေချိန်တွင် ပြတင်းပေါက်မှ စာပို့ခိုဖြူတစ်ကောင်ရောက်လာသည်။ rimiya san ပို့လိုက်သော ခိုပင်။

ထို့နောက် Akiraသည် စခန်းသို့ထွက်ခွာလာလိုက်သည်။

Rimiya sanက Akiraပေးလိုက်သော Nisan ဆီမှသွေးယူသောမကောင်းဆိုးဝါးစာရင်းထဲမှ မကောင်းဆိုးဝါးတစ်ချို့ကိုသိမ်းသွင်းနိုင်ခဲ့ပြီး အခြား လူတစ်ချို့ဟာလည်း ပူးပေါင်းလာသည်ဆိုသည်။ထိုအထဲမှ မကောင်းဆိုးဝါးနှိမ်နင်းသူဟောင်းတစ်ယောက်လည်းပါသည်။

‌Akira နှင့် rimiya sanသည်နောက်ထပ်အစီစဉ်များချကာ ပူးပေါင်းလာသူများကို အတိုက်ခိုက်များသင်ကြားပေးရန်စီစဉ်လိုက်သည်။ ဒီကိစ္စတွင် လက်မခံသူများက ကြိမ်းသေ Akiraတို့ကို တိုက်ခိုက်လာနိုင်သည်။ထို့ကြောင့် ကြိုတင် စီစဉ်ထားရန်လိုအပ်သည်။

ပြီးနောက် အများပြည်သူများက မကောင်းဆိုးဝါးများရှိသည်ဆိုတာသိရန်နှင့် လက်ခံရာရန် ခေါင်းစားရအုံးမည်။

ဆွေးနွေးမှုပြီးချိန်တွင် Akiraသည် နဂါးဖြူကို spaceထဲမှထုပ်လိုက်ပြီး နဂါးဖြူ၏ ဒဏ်ရာကိုကုသပေးလိုက်သည်။ နဂါးဖြူသည်အစပိုင်းတွင် ရုန်းကန်နေသော်လည်း သူ့ကိုကုသပေးသည်ကိုသိသောအခါ ငြိမ်သွားသည်။ Akiraသည် နဂါးဖြူနှင့် ညှိနှိုင်းမှုတစ်ခုလုပ်ခဲ့သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now