Chapter - 10

136 20 0
                                    

Unicode

သူ့ကိုသေချာစောင့်ကြည့်ထား..
သူကငါတို့အတွက်အသုံးဝင်တယ် မသေစေနဲ့

ဓာတ်ခွဲခန်းပုံစံအခန်းတစ်ခု၌ ကုတင်ပေါ်တွင် ပိုက်များဖြင့် လဲလျောင်းနေသော ကလေးငယ်တစ်ဦးအား ကြည့်ကာ...ပြောဆိုလာသော လူကြီးတစ်ယောက်....

သူ့တို့၏ လောဘ၊မောဟ နှင့် အာဏာတွက်ကြောင့် မရေမတွက်နိုင်သော သာမာန်ကလေးငယ်များနှင့် သဘာဝလွန်စိတ်စွမ်းအားများဖြင့်မွေးဖွားလာသော ကလေးများသည် မြေစာပင်ဖြစ်ကြရသည်။

ဟေး မင်းနာမည်ဘယ်သူလဲ ... မင်းဒဏ်ရာတွေအများကြီးဘဲ ..နာနေလားဟင်...

မည်သည့်ဒီဇိုင်းမှမပါဝင်သော အဖြူရောင်အကျီလက်တိုနှင့် ဘောင်းဘီဒူး‌ေလာက်ဝတ်စုံကိုဝတ်ဆင်ထား‌ေသာကလေးငယ်က သူ့နည်းတူ ဝတ်စုံကိုဝတ်ဆင်ထားပြီး နံရံကိုမှီကာ ဒူးနှစ်ဖက်ပေါ်ခေါင်းမှောက်ထားသော အခြားကလေးတစ်ယောက်အား မေးမြန်းနေသည်။

ထိုကလေးနှစ်ဦးလုံး၏လက်များသည်ပတ်တီးများဖြင့် စည်းေနှာင်ခြင်းခံထားရသည်။သို့သော် မေမြန်းခံရသည့်ကလေးသည်ပို၍ ဒဏ်ရာများသည်။

ကလေးနှစ်ယောက်လုံး၏အကျီီတွင် ဂဏန်းများပါဝင်သော တံဆိပ်များရှိသည်။

Code no.001..... Code no.881
ငါ့နာမည် ...ဇန်.....
ဇန် ကောင်းတဲ့နာမည်ဘဲ ငါ့နာမည်က....

သွားတော့ ထွက်ပြေးတော့ ..သွားးး
ဇန် ... ဟင့်အင်း....
သွားတော့!!! ....

ဘုန်းး!!!!

ဇန် အိပ်ရာတစ်ခုပေါ်တွင် နိုးထလာပြီးး
ထိုင်လျက်သားဖြစ်နေသည်။
.. ယခုမှနိုးလာပေမဲ့ အတိတ်ဆိုးများကိုပြန်မြင်ခဲ့ရာမှ လူတစ်ကိုယ်လုံး ရွှဲစိုကာ ရင်ဘက်ကလည်း နိမ့်ချီ မြင့်ချီဖြစ်နေသည်။ ပါးတွင်ကပ်နေသော ဆံပင်များကိုဖယ်ရှားလိုက်ပြီး ကိုယ်တွင်ဖုံးအုပ်ထားသော စောင်ကိုဖယ်ကာ ကုတင်ပေါ်တွင် ဘေးတစ်‌ေစာင်းထိုင်လိုက်သည်။

[Host နိုးလာပြီလား အဆင်ပြေရဲ့လား
ကျနော် တစ်ခုခုလုပ်ပေးရမလား]

ဝမ်ဝမ်သည် လူပုံစံပြောင်းထားပြီး ဇန့်အားစိုးရိမ်သော မျက်ဝန်းများဖြင့်ကြည့်နေသည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now