Chapter - 3(Arc-1)

453 30 0
                                    

Unicode

[Host သွားကြတော့မလား]
အင်း
------------
ဇန် သူရောက်နေရာကိုကြည့်လိုက်သည်။
တောအုပ်တစ်ခုပင်။ညဘက်မို့မှောင်နေသည်။ရုတ်တရက် သူ့ကိုတိုက်ခိုက်လာသောလူတစ်ယောက်။

ဝုစ် သူ‌ခပ်မြန်မြန်ရှောင်လိုက်သည်။

‌ရှေ့တွင်လူဆယ်ယောက်ရှိပြီး သူ့တို့အင်္ကျီတွင် တူညီသောသင်္ကေတ တစ်ခုပါရှိသည်။

ဇန့်ရဲ့ အင်္ကျီဟာသွေးများနှင့်ဖုံးလွှမ်းနေသည်ဖြစ်သည်။
သူဝင်လာသည့်ခန္ဓာကိုယ်ရဲ့အခြေနေကြည့်နေတုန်းမှာပင် လူတွေအားလုံးသူ့ကိုတိုက်ခိုက်လာကြသည်။

ဇန်လည်းနေရာကူးပြောင်းခြင်း(ဇန့်၏ဝိညာဉ်စွမ်းအား)ကိုအသုံးပြုကာအားလုံးကိုသတိမေ့အောင် ဂုတ်ပိုးကိုရိုက်ချလိုက်သည်။

ထို့နောက် ‌ထွက်ခွာခဲ့သည်။

ဇန်သည်သစ်ပင်တစ်ပင်ပေါ်တွင်ထိုင်လိုက်ပြီး ဤကမ္ဘာအကြောင်းစပြောခိုင်းတော့သည်။

စပြောတော့....

[တစ်နေ့ လူသားများနေထိုင်သည့်ကမ္ဘာတွင် မကောင်းဆိုးဝါး၊မိစ္ဆာ များပေါ်ပေါက်လာသည်။မကောင်းဆိုးဝါးများကလူများကိုစားသောက်ကာအသက်ရှင်နေထိုင်ကြသည်။လူသားစားတဲ့အရေအတွက်ပေါ်မူတည်ကာစွမ်းအားကပြောင်းလဲသွားတယ်။ဆိုလိုတာက လူသားစားလေလေစွမ်းအားပိုကြီးလေလေဖြစ်သည်။ မကောင်းဆိုးဝါးများလူသားများကိုမကောင်းဆိုးဝါးဖြစ်အောင်ပြုလုပ်နိုင်သည်။

မိစ္ဆာများကသွေး ဒါမှမဟုတ် ဝိညာဉ်တွေကိုစုပ်ယူစားသောက်ကြသည်။လူသေဆုံးမှုတွေများပြားလာသည့်အခါ မကောင်းဆိုးဝါးနှိမ်နင်းရေးအဖွဲ့နှင့် မိစ္ဆာနှိမ်နင်းရေးအဖွဲ့ဟု၍ပေါ်ပေါက်လာသည်။

ရန်ဟွာနဲ့အလဲအလည်လုပ်ခဲ့သည့်သူက လူသားများနှင့်ရောနှောနေထိုင်သည့်မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သည်။
သူ့နာမည်က Itsuki ။သူသည်လူမှမကောင်းဆိုးဝါးအဖြစ်ပြောင်းခံလိုက်ရသည့်လူတစ်ယောက်ပင်။ဒါပေမဲ့သူ့တွင်လူဖြစ်စဉ်ကမှတ်ဉာဏ်များမရှိတော့။

တစ်နေ့တွင် မကောင်းဆိုးဝါးနှိမ်နင်းရေးအဖွဲ့ကသူ့ကိုဖမ်းဆီးကာ စမ်းသပ်မှုများပြုလုပ်ခဲ့သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now