Chapter - 19

93 14 0
                                    

Unicode

ချင်းဟန် ဘာတွေကြည့်နေတာလဲ

TVကြည့်နေသောချင်းဟန်ကိုလီရန်ကမေးသည်။
ကိုကို H ဆိုတာဘယ်သူလဲ TVမှာအမြဲမြင်နေရတာ

အာ သူကအစိုးရတွေအလိုရှိနေတဲ့သူဘဲလေ

အွမ် သူကဘာလုပ်ထားလို့လဲ

သူက သူတို့ကိုလိုက်နှောက်ယှက်ထားလို့လေ ကိုကိုပြောမယ် ချင်းဟန် လူတိုင်းမှာသူတို့လုပ်ရက်တိုင်းရဲ့အကြောင်းပြချက်တွေရှိတယ်။

ဆိုးသွမ်းတဲ့သူတွေကိုယ်စီမှာလဲသူတို့ရည်မှန်းချက်ရှိတယ်။သူတို့ကိုသနားပေးစရာ၊ယုံကြည်ပေးစရာမလိုဘူး ဒါပေမဲ့ သူတို့ကိုသဘောပေါက်နားလည်ရမယ်၊သိရမယ်။ကိုကိုပြောတာမှတ်ထား ‌ချင်းဟန်တစ်ချိန်ကျနားလည်လာမှာပါ။

Villain တစ်ယောက်က Villain ဖြစ်လာရတဲ့အကြောင်းပြချက်တွေရှိတယ်။သူတို့ကိုယ်စီမှာ သူတို့ကိုဖန်တီးတဲ့ အတိတ်ကိုယ်စီရှိကြတယ်။
ကိုကို အပြင်သွားလိုက်အုန်းမယ် ဒီမှာဘဲနေနော်

အွင်းး
........
ကျောင်းရဲ့တောင်ဘက် အနီးနားက လမ်းကြားလေးတစ်ခုရဲ့ CCTV ဘဲ၊ချောင်ချတဲ့နေရာမလို့ သတိမထားမိကြဘူး။တော်တော်လေးယိုယွင်းနေတာ သေချာပြန်ပြင်လိုက်ရတယ်
ကျိုးလော့စန်းဟာ laptop ကိုလှည့်ပြရင်းပြောသည်။ screen ပေါ်မှာမြင်ရတဲ့အရာက ဆယ်ကျော်သက်ကောင်လေးနှစ်ယောက်က ကလေးတစ်ယောက်ကိုဆွဲခေါ်သွားတဲ့မြင်ကွင်းဖြစ်သည်။

ငါတို့စုထားတဲ့သက်သေတွေကသေချာမပြည့်စုံသေးဘူး ဒါပေမဲ့ ချင်းဟန်ကသာ..

ရှင်းလီရန်ဟာကျိုးလော့စန်းစကားမဆုံးသေးခင်မှာပင် ထရပ်လိုက်သည်။

ငါအဲ့တာကိုဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူး

ဒါပေမဲ့ လီရန်

မင်းပါးစပ်‌ပိတ်ထား ... ဒါကိုဘယ်တော့မှထပ်မပြောနဲ့

ဟူးး ကောင်းပြီ ငါသွားတော့မယ် ဒီမှာမင်းတောင်းထားတဲ့အချက်လက်တွေ၊ဒီညလှုပ်ရှားမှရမယ်။
.....
စီးပွားရေးသမားတွေ နဲ့ အစိုးရဝန်ကြီးတွေ မရှိမဖြစ်လိုအပ်တဲ့ဆက်ဆံရေး
မော်လီမြို့ရဲ့ အစည်ကားဆုံးနေရာ တိုက်မြင့်တွေနဲ့စီးပွားအချက်ချာကျတဲ့ထိုနေရာမှာ မနက်2နာရီ မြေအောက်လမ်းကနေ မှောင်ခိုကူးမည့်သတင်း... ပတ်သက်နေတဲ့သူတွေထဲမှာ အဲ့လူလည်းပါတယ်။သက်သေတွေရရင် ဖြုတ်ချလို့တောင်ရမယ်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now