Chapter - 6

188 20 1
                                    

Unicode

ဝိုးး ကြည့်အုန်း ကြယ်တွေကြွေနေတယ်။

ဒီနှစ်နွေဦးပွဲတော်ကတော့ထူးခြားတဲ့နှစ်ဘဲဟေ့...။

ဇန်သည်ကောင်းကင်ကိုမော့ကြည့်မိသည်။

အာ...တောင်းပန်ပါတယ်..ကိုယ်မမြင်လိုက်လို့..

ဇန့် နားစည်ကိုတုန်ခါစေတဲ့ အသံတစ်ခု
‌စောင်းသံလို ကြည်လင်နေသော ထိုလူ့အသံ

တည်တံနေသော နှုတ်ခမ်းပါးဟာ ယခုတွင်တော့ ကွေးညွတ်နေသည်။

ဒီလို နှစ်နှစ်ခြိုက်ခြိုက် အပြုံးမျိုး ဇန်တစ်ခါမျှ လက်ခံမရရှိဖူးပေ။ ဇန်ဖြတ်သန်းလာသည့် ဘဝတစ်လျှောက်၊ဖြတ်သန်းဖူးသော ကမ္ဘာပေါင်းများစွာ တွေ့မြင်ဖူးပေမဲ့ ဇန့်တွက်မဟုတ်။မူလပိုင်ရှင်များအတွက်သာ။

ဇန် ခေါင်းတစ်ချက်ငြိမ့်ကာ ထိုနေရာမှထွက်ခွာလာခဲ့ပြီး လူရှင်းသည့်ကြာကန်ကိုရောက်ရှိလာသည်။ ဇန်သည် ကျောက်ဆောင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။

Host mission တွက်ခုလိုကတစ်ကယ်အဆင်ပြေပါ့မလား။ တစ်ကမ္ဘာလုံးကိုတိုင်းတာပြီးလုပ်ရမှာဆိုတော့....

ဝမ်ဝမ် ဒီကမ္ဘာမှာဂြိုလ်ရံလ နှစ်ခုရှိတယ်။ပြီးတော့ ဟိုမှာကြည့်လိုက် raki ကြယ်လို့ခေါ်တဲ့ ကြယ်ခြောက်ခု ။နက္ခ​ဗေဒသဘောအရ လနှစ်ဆင်းနဲ့ ကြယ်ခြောက်ခုက ဒီနိုင်ငံကိုကောင်းချီးဖြစ်‌ေစတယ်။ ဒီကြယ် ခြောက်ခုနဲ့ လနှစ်ဆင်းထဲကတစ်ဆင်းကို ဒီနိုင်ငံမှာဘဲမြင်ရတယ်။ တစ်ဖက်မှာလည်း လက မကောင်းဆိုးဝါးတွေကိုသန်မာစေတယ်။

အဲ့တာကြောင့်မလို့ ဒီနိုင်ငံကလူမှုရေး စီးပွားရအရ တိုးတက်တဲ့နိုင်ငံဖြစ်ပေမဲ့ မကောင်းဆိုးဝါးများတာကြောင့် အန္တရာယ်များတဲ့နိုင်ငံတစ်ခုဖြစ်တယ်။

ဒီမှာရှိတဲ့ မကောင်းဆိုးဝါးတွေနဲ့လူသားတွေကိုသာအဆင်ပြေစေမယ်ဆိုရင် အခြားမှာရှိတဲ့လူတွေကိုညှိနှိုင်းဖို့က သိပ်မခက်ဘူး။ငါပြောတာနားလည်လား...။

ဟုကဲ့ ဒါပေမဲ့ သိပ်တော့နားမလည်....

Akiraသည် ဝမ်ဝမ်ကို တုံးလိုက်တာ ဆိုတဲ့အကြည့်နဲ့ကြည့်လိုက်တော့သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now