Chapter - 29

73 9 2
                                    

Unicode

ထိုနေ့ညချင်းပင် ကုန်းကျမ်းမော့နဲ့ကုန်းကျမ်းရုံတို့အဖမ်းခံလိုက်ရသည်။တရားခံနှစ်ယောက်မှာရုန်းကန်ခြင်းမရှိဘဲ ကြည်ကြည်ဖြူဖြူဖြင့်သာလက်ထိပ်ခက်ရန်လက်ကိုထိုးပေးကြပြီး ကျေနပ်သည့်အပြုံးဖြင့်သာလိုက်ပါသွားကြသည်။

တရားခံနှစ်‌ယောက်မှာ ကြည်ဖြူစွာပူး‌ေပါင်း လိုက်ပါသွားကြသော်လည်း ချွင်းချက်အနေဖြင့် ပညာရေးဝန်ကြီး ကုန်းမင်ရုံကတော့ပျောက်ဆုံးနေခဲ့သည်။ပျောက်ဆုံးသည့်အကြောင်း သတင်းများထုတ်ပြန်ကာ ရဲများနေရာအနှံရှာဖွေကြတော့သည်။
......

'ကျစ် ခုအဆုံးသတ်လိုက်ချင်ပြီ'

[ခဏဘဲစောင့်ပါ Hostရဲ့ စိတ်ကလေးရှည်...နော်]

ယခု ရှင်းလီရန်တစ်ဖြစ် ဇန်သည် မြို့ပြင်ရှိ ဂိုထောင်တစ်ခု၌ ကုန်းမင်ရုံအား...

'အင်း ဖမ်းထားတယ်လို့ပြောရမလား'

ယနေ့မနက် System ကရုတ်တစ်ရက်ချမှတ်လိုက်သော mission ကြောင့်ဖြစ်သည်။

[ကုန်းမင်ရုံအား‌သေသည်ထက်ဆိုးသည့် တစ်သက်ပါဒဏ်ရာရရန်]
ဆိုသည့် missionဖြစ်သည်။

"ခုထ"

ဇန်၏ အေးစက်စက် အမိန့်အာဝါသကြောင့် ကုန်းမင်ရုံကနိုးလာသည်။ကုန်းမင်ရုံအခြေနေအားမတွေးတောနိုင်။သူအလုပ်လုပ်နေရာမှ ပေါ်လာသောမျက်နှာ‌ပြင်ပေါ်မှလူကြောင့် ချက်ချင်းသက်သေများပျောက်ကာ ထွက်သွားရန်ပြင်ဆင်နေသည်ကိုဘဲသိသည်။
သူရှေ့မှလူကိုကြည့်လိုက်ပြီး ဖြစ်နိုင်ခြေများအားတွေးလိုက်ကာ ကြောက်လန့်တစ်ကြား အော်ပြောလိုက်တော့သည်။

"မင်း H မလား"

"အင်း"

အေးအေးလူလူဖြေလာတဲ့သူကြောင့် ကုန်းမင်ရုံ သွေးအန်မိသွားချင်သည်။သူစကားထပ်ကာ ဟ လိုက်မည်ပြင်ဆင်‌လိုက်တဲ့အချိန်မှာဘဲ

"အားးးးးး"

ဇန်သည် လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထောင်ထဲထည့်ကာ စိတ်ဝိညာဉ်စွမ်းအားကိုအသုံးပြုလိုက်သည်။

'ခြေထောက်.....ဘယ်ဘက်'

အရိုးကျိုးကာကျေမွသံများ ဆက်တိုက်ထွက်ပေါ်လာပြန်သည်။ ကုန်းမင်ရုံရဲ့ နာနာကျင်ကျင်အော်သံကဂိုထောင်တစ်ခုလုံးလွှမ်းမိုးသွားသည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now