Chapter - 15 (Arc 2)

175 11 0
                                    

Unicode

Chanyiu နိုင်ငံဟာ စီးပွားရေး၊အုပ်ချုပ်ရေးပိုင်းတွေပြင် စစ်တပ်အင်အား တောင့်တင်းသောနိုင်ငံတစ်ခုဖြစ်သည်။

အဖက်ဖက်ကပြီးပြည့်စုံကာ ထိုနိုင်ငံ၏သမ္မတကိုလည်း ပြည်သူများက လေးစားချစ်ချင်ကြသည်။ နိုင်ငံတစ်ခုလုံးဟာတိုးတက်ကြွယ်ဝပြီး အခွင့်ရေးများရရှိသောနိုင်ငံဖြစ်သည်ဟုကျော်
ကြားသည်။

ထိုသို့သော နိုင်ငံကို 2011ခုနှစ် မှစကာ ၃လအတွင်း ရှုပ်ရှပ်ခက်အောင် မွှေသွားသူတစ်ဦးရှိလာခဲ့သည်။

ထိုသူသည် လျို့ဝှက့်ချက်များနှင့် နည်းပညာဆိုင်ရာ တွေ့ရှိချက်၊စီးပွားရေး ကဏ္ဍာများကိုပါ H ဆိုသည့်နာမည်တစ်လုံးတည်းဖြင့် Hackသွားပြီး အချက်လက်တစ်ချို့ကိုပါ လူထုကိုချပြခဲ့သည်။

နိုင်ငံရဲ့စစ်တပ်ထဲရှိ computer အလုံးပေါင်း 2000 ကိုတစ်နာရီအတွင်း ထိန်းချုပ်ကာ virus ထည့်မှုအပြင် သုတေသနဆိုင်ရာအချက်လက်များကို ရယူမှုများဖြင့် အစိုးရအဖွဲ့အစည်းတစ်ခုလုံးကို တုန်လှုပ်သွားအောင်လုပ်ခဲ့သည်။

နောက်ကိစ္စကြီးအနေနဲ့ ထိုသို့ Hackပြီးတိုင်း screenပေါ်တွင် လှောင်ပြောင်သည့် စာသားများပါရေးသားထားခဲ့သည်။

ဒီလိုနဲ့ အစိုးရများဟာ ငွေအင်အား၊ လူအင်အားများစွာစိုက်ထုတ်ပြီး ထိုသူ့ကိုရှာကြရာ လွန်ခဲ့သောနှစ်ကစ အထက်တန်းစားများကိုလုပ်ကြံသူဖြစ်သည်ကိုလည်းရှာတွေ့ခဲ့ကြသည်။ထိုသတင်းကိုသိရသည်မှာလည်း ထိုသူကိုယ်တိုင်ထုတ်ပြခဲ့ခြင်းသာဖြစ်သည်။

နိုင်ငံတစ်ခုလုံးကို မွှေနှောက်သွားသောထိုလူမှာ ကြောက်ရွံ့မရှိ လူရှေ့တွင်ပေါ်လာခဲ့သည်။မျက်နှာဖုံးတပ်ထားသော်လည်း ပန်းရောင်ဆံပင်များနှင့်စူးရှသောမျက်ဝန်းပြာများကိုဖုံးကွယ်ထားခြင်းမရှိချေ။

ဟားဟား ကဲ့ဗျာ့ ဆရာတို့တွေ ကျွန်တော်မအားသေးလို့နောက်မှတွေ့ကျမယ်နော် ဝူးဟူး

တိုက်မြင့်ပေါ်မှ ကြိုးဖြင့် အခြားတိုက်မြင့်ပေါ်သို့ကူးပြောင်းသွားသည်မှာ မြေပြင်ရှိ လက်နက်များကိုင်ဆောင်ထားသောရဲများကို အကြောက်လန့်မရှိ၊ပေါ့ပါးစွာပင် ပြောဆိုသွားသေးသည်။
ကြိုးဖြင့် ခုန်ကူးပြီးတွင် ထိုလူ၏ မျက်ဝန်းများက လှောင်ရီသောပုံစံမှ အေးစက်သောမျက်ဝန်းပြာများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now