Chapter - 26

68 8 0
                                    

Unicode

"ငါတို့မရည်ရွယ်ခဲ့ပါဘူး...အဲ့နေ့တုန်းက.."

ကုန်းကျမ်းမော့၏စကားနောက်တွင်တော့....

"ကိုကို..ကိုကိုကျမ်းမော့...ကိုကိုကျမ်းရုံ..ဟီးဟီး"

၁၂နှစ်ရှင်းချင်းဟန် ပေါက်စလေးက ကျောင်းဝန်းထဲ ဒူးတုတ်ထိုင်နေပြီး မြေကြီးပေါ်မှာ လူလေးယောက်ပုံကိုရေးဆွဲ‌လို့နေတယ်။

"ကလေး!!"

"ကလေးငယ်"

အဝေးကခေါ်သံနှစ်ခုကြောင်း ချင်းဟန်ကလှည့်ကြည့်လိုက်တော့ ရင်းနှင်းတဲ့သူနှစ်ယောက်ကိုမြင်လိုက်ရတာကြောင့် အော်ခေါ်လိုက်တယ်။

"ကိုကိုကျမ်းမော့နဲ့ကိုကိုကျမ်းရုံ"

"အိမ်မပြန်သေးဘူးလား ဘာလုပ်နေတာတုန်း"

ကျမ်းမော့တို့ဟာ ချင်းဟန်ဘေးရောက်လာပြီး ချင်းဟန်နဲ့တူအောင်ထိုင်လိုက်ကြတယ်။

"ကိုကိုက ဒီနေ့အတန်းပိုရှိလို့တဲ့ ခဏစောင့်ဆိုလို့စောင့်နေတာ"

"ဟာ ဒီကောင်ငါတို့ကိုပြောလည်းရတာကို၊ချင်းဟန်လေးကိုတစ်ယောက်ထဲထားစရာလား"

"အန္တရာယ်များတယ်"

ကျမ်းမော့ကပြောတော့နောက်မှ ကျမ်းရုံဟာလည်း ထောက်ခံသည့်စကားမျိုးပြောသည်။

"လာ ကိုကိုတို့နဲ့လိုက်ခဲ့ မုန့်သွားစားရအောင်"

"ကိုကိုကကော"

"ပြီးရင်လှမ်းခေါ်လိုက်မယ်"

ကျမ်းရုံက ချင်းဟန်ကိုပြောတော့ ချင်းဟန်ရဲ့သဘောတူညီချက်ရကာ သူတို့ချင်းဟန်ရဲ့လက်နှစ်ဖက်ကိုတစ်ယောက်တစ်ဖက်ကိုင်ပြီး ကျောင်းထဲကထွက်ကာ သူတို့၏လျှို့ဝုက်နေရာလေးစီ မုန့်တွေဝယ်ကာသွားကြတော့တယ်။သူတို့ရဲ့လျို့ဝှက်နေရာလေးက အသုံးမပြုတာကြပြီဖြစ်တဲ့ မုန့်ဆိုင်လေးတစ်ဆိုင်ဖြစ်သည်။

"ဟာ ကိုကို မေ့ခဲ့ပြီ"

ကုန်းကျမ်းမော့က မုန့်ထုတ်တွေကိုချပြီး အလန့်တစ်ကြားဆိုလာသည်။

"ဘာမေ့ခဲ့တာလဲဟင်"

"ကလေးကြိုက်ဆုံး ချိုရည်လေ၊ကိုယ်ပြန်သွားဝယ်လိုက်မယ်"

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now