Chapter - 23

74 10 0
                                    

Unicode

"မျက်ဝန်းပြာလေး...ချောကလက်စားမလား၊ဒူးရင်းစားမလား"

လီမော့ကျန့်က ကိတ်နှစ်လုံးကိုပန်းကန်တစ်ခုစီနှင့်ထည့်ထားပြီး ကိုင်ထားရင်း စားပွဲဝိုင်းတွေထိုင်နေသော ရှင်းလီရန်ဘေးရောက်လာသည်။

ရှင်းလီရန်က ဒူးရင်းကိတ်ကိုတစ်ချက်စိုက်ကြည့်လာသည်မို့ လီမော့ကျန့်က ဒူးရင်းကိတ်ကို ရှင်းလီရန်ရှေ့ချပေးလိုက်သည်။

မည်သည့်စကားမှမဆိုပေဘဲ နားလည်သည့်သူ....

လီရန်က ဒူးရင်းကိတ်ကိုခရင်းဖြင့် ခပ်စားနေရင်းချောကလက်ကိတ်နားတစ်ဝဲဝဲလုပ်နေသော လူသေးသေးလေးအဖြစ်ပြောင်းထားသည့် ဝမ်ဝမ်ကိုကြည့်ကာပြောလိုက်သည်။

"ဝမ်ဝမ် မင်းစုံစမ်းပေးရမှာတစ်ခုရှိတယ်"

[ဟုတ်ပြောလေ hostရဲ့]

ဝမ်ဝမ်က ကိတ်ကိုအကြည့်မခွာနိုင်ဘဲ ရှင်းလီရန်၏စကားကိုတုံ့ပြန်ကာ သူပြောချင်တာဆက်ပြောသည်။

[ဒါနဲ့လေ hostရဲ့ ချောကလက်ကိတ်လေးကစားချင်စရာလေး၊ကိတ်သားလေးတွေကကြည့်လိုက်တာနဲ့ နူးညံနေမှန်းသိသာတယ်။ပြီးတော့ ချောကလက်အနံလေးတွေကမွေးကြိုက်လို့၊ခရင်လေးတွေကထည့်ထားသေးတယ်။ Hostဘာလို့ချောကလက်မစားဘဲဒူးရင်းစားတာလဲဗျာ။(Ari - သူကြိုက်လို့ပေါ့ဟ ဝမ်ဝမ်ရဲ့) ဟာ ကြည့်ပါအုံး စားချင်လိုက်တာ။]

မပြီးစီးနိုင်သောစကားကိုဆက်နားမထောင်နိုင်တော့၍

"ငါ ဘယ်ချိန်မှပြောလို့ရမှာလဲ"

ရှင်းလီရန်၏ အေးစက်စက်အသံကြောင့် ဝမ်ဝမ်ကစကားကိုအမြန်ရပ်လိုက်ကာ ကိုယ်ကိုလှည့်လိုက်ပြီး လီရန့်ကိုမဝံမရဲကြည့်လိုက်သည်။

"လီမော့ကျန့်ရဲ့မူရင်းဇစ်မြစ်အမှန်ကိုစုံစမ်းပေး။သူကသာမန်လူမဟုတ်ဘူး၊ party မှာ ပညာရေးဝန်ကြီးရဲ့လူတစ်ယောက်ငါ့နားကိုရောက်လာတာ ငါသတိမထားမိခဲ့ဘူး၊အဲ့လိုဘဲ လီမော့ကျန့်ကငါ့အနားရောက်လာရင်ငါမသိလိုက်တာများတယ်။သူရှိနေရင် ဘေးပတ်ဝန်းကျင်ကအရာတွေပေါ် သတိထားတဲ့ငါ့ရဲ့စိတ်ဝိဉာဉ်ကလျော့သွားတယ်။"

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now