Chapter - 8

160 19 1
                                    

Unicode

Rimiya-san က Itsukiကို ဌာနချုပ်မှကယ်တင်ကာ Akiraဆီခေါ်လာခဲ့သည်။

Itsukiကိုကယ်တင်ချိန် နှိမ်နင်းသူများနှင့် တိုက်ပွဲဖြစ်ခဲ့ကာ ခုချိန်တွင် itsukiကိုသွားကယ်သော rimiya ၏လူများသည် ပုန်းရှောင်နေရသည်။

Itsukiကိုကယ်တင်ပြီး တစ်ပတ်အကြာတွင် itsuki သတိရလာသည်။

သူ့ကို rimiya sanကပြန်လည်ကုသမှုများပြုလုပ်ပေးပြီး လုံးဝအုပ်သုန်ကောင်းလာချိန်တွင် rimiya san၏လူများထဲမှ အတိုက်အခိုက်တော်သောလူတစ်ယောက်က haruနှင့် အတူ အတိုက်အခိုက်များနှင့် ဗဟုသုတရဖွယ်များကိုသင်ကြားပေးသည်။

itsukiဟာအသက်15 နှင့် haruဟာ အသက်17သာရှိသေးသည်။

Akira ကလည်းအားချိန်များတွင် သူ့တို့ကိုစွမ်းအားထိန်းချုပ်ပုံများသင်ကြားပေးလေ့ရှိသည်။

Akiraဟာ rimiya sanကို nisanဆီမှသွေးယူသည့် မကောင်းဆိုးဝါးများ စာရင်းကိုပေးကာ ရှာဖွေခိုင်းပြီး လူအင်အားရရန် ကူညီတောင်းခဲ့သည်။

ထို့နောက်တစ်ခြားတစ်ဖက်တွင် Akiraသည် စခန်းပြုလုပ်ရန်နေရာ၊လေ့ကျင့်ရေးနေရာများကိုရှာဖွေခဲ့သည်။

ခုချိန်တွင် Itsukiဟာအားလပ်ရက်ရသောကြောင့် ဆိုင်ရှေ့တွင် တံမြတ်စည်းလှည်းနေသည်။ Haruကတော့ rimiya sanနောက်ကောက်ကောက်ပါအောင်လိုက်သွားသည်။Itsuki ဟာဖြူစင်ရိုးသားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပြီး ကြိုးစားချင်စိတ်လည်းရှိပေသည်။

Haruကတော့ တစ်ခါလေ လည်ပြီးတစ်‌ခါလေလည်းတုံးပြန်သည်။တစ်ခုရှိတာသူဟာတော်‌ေတာ်ကြောက်တတ်သည့်သူပင်။အတိုက်ခိုက်သင်ကြားစဉ်တွင်လည်း ကြောက်သောကြောင့်မသင်ချင်ဟုငြင်းဆိုတတ်သည်။

Itsuki သည် တံမြတ်စည်းလှည်းနေချိန် ဘေးမှာလမ်းသွားသူများ၏စကားဝိုင်းကိုကြားလိုက်ရသည်။

မင်းတို့ နဂါးဖြူ သတင်းကိုကြားပြီးကြပြီလား။

ပြောသောသူများ၏ဝတ်စားပုံကိုကြည့်ခြင်းဖြင့် အထက်တန်းစားတွေမှန်းသိသာသည်။

ရန်ဟွာနယ်မြေမှ စီစဉ်သူWhere stories live. Discover now