3

2.9K 327 8
                                    

ဟားဟားဟား..... ။

ရှောင်းကျန့် သူငယ်ချင်းများဟားတာ ခံရပြန်သည်။ အကြောင်းရင်းက ဝမ်ရိပေါ်ဆိုသည့် သူ့ထက် ၁၆နှစ်ငယ်တဲ့ အကောင်ပေါက်လေးကို တစ်လေးတစ်စား အကိုလို့ခေါ်ပြီး ကျေးဇူးတင်စကားပြောလိုက်မိလို့တဲ့..။

" ငါမှမသိတာ သူက ဝမ်ရိပေါ်ဆိုတာ ။ မင်းတို့စဉ်းစားကြည့်လေ သူက ဆိုင်ကယ်ဦးထုတ်မှမချွတ်တဲ့ဟာ။ ဒါနဲ့ကျိုးချန် မင်းညီကဘာလို့အသက်မပြည့်သေးပဲ ဆိုင်ကယ်စီးတာလဲ..."

" အေး အသက်မပြည့်သေးလို့ ဝတ်စုံပြည့်ဝတ်ပြီး မြို့ထဲမှာမစီးပဲ မြို့ပြင်ထွက်စီးတာပေါ့ ငါ့ကောင်ရ..။ ဒါကြောင့် ငါ့ညီနဲ့မင်းတွေ့ရတာကို မင်းကံကောင်းတယ်လို့မှတ်လိုက်။ ပြီးတော့ငါ့ညီက သူနဲ့မဆိုင်တာဆို ဝင်ကူဖို့မပြောနဲ့ အကြည့်တစ်ချက်တောင်ပေးတဲ့လူမဟုတ်ဘူး။ ဒါကြောင့် မင်းဘက်ကို ကူညီပေးသွားတယ်ဆိုတော့ ထပ်ဆင့်ကံကောင်းတယ်လို့ မှတ်လိုက်..."

ကျိုးချန်စကားကိုကျန်သူငယ်ချင်းများကပါ ထောက်ခံကြသဖြင့် ရှောင်းကျန့်မှာ မချိပြုံးလေးသာပြုံးလိုက်မိပါတော့သည်။

ဝမ်ရိပေါ် ဝမ်ရိပေါ် မင်းကတစ်ကယ့်ဟာလေးပဲကွာ။ လူချင်းတစ်ခါမှမျက်နှာချင်းဆိုင်မဆုံးဖူးပေမယ့် ကိုယ့်ကိုသူငယ်ချင်းတွေဟားအောင် အမျိုးမျိုးချေပြနိုင်စားနေတာပဲကွာ....။

.
.
.

ဒီနေ့ကျိုးချန်တို့အိမ်မှာ ဝမ်ပါပါးနဲ့ ဝမ်မာမားရဲ့ အိမ်ထောက်သက် နှစ်ငါးဆယ်ပြည့် ဧည့်ခံညစာစားပွဲပြုလုပ်သည်။ ဒါကြောင့် ဝမ်ကျိုးချန်က ရှောင်းကျန့်တို့သူငယ်ချင်းတစ်စုကို မလာမဖြစ်လာရန်ဖိတ်ကြားသည်။ ဒါကြောင့် ရှောင်းကျန့်တို့သူငယ်ချင်းတွေလဲ သွားကြဖို့ပြင်ဆင်သည်။

ရှောင်းကျန့်ဟာ အလုပ်ကစောစီးစွာနားပြီး အိမ်ပြန်ရေမိုးချိုးအဝတ်အစားလဲပြီး ဝမ်အိမ်တော်ကိုထွက်လာခဲ့သည်။

ဝမ်အိမ်တော်ဟာ နာမည်ကြီးသူဌေးမိသားစုဆိုတော့ တက်ရောက်ကြမည့်ဧည့်သည်တော်များဟာ ဂုဏ်သရေရှိလူကြီးလူကောင်းများ များသည်မလား။ ဒါကြောင့် ရှောင်းကျန့်ကိုယ်တိုင်လည်း အဆင့်အတန်းမြင့်စွာဝတ်ဆင်လာခဲ့သည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now