ချင်းချင်းနဲ့စကားကောင်းနေမိတာနဲ့ ကျောင်းဝန်းထဲကကျောင်းသွားတွေ ကုန်လို့ကုန်မှန်းမသိတဲ့ရှောင်းကျန့်ဟာ အတန်ကြာမှ ရိပေါ်ရောက်မလာသေးဘူဆိုတာသတိထားမိသည်။ ဒါကြောင့် ရှောင်းကျန့် ချင်းချင်းနဲ့စကားပြောနေရင်း ဖုန်းထုတ်ကာ ရိပေါ်ကိုဖုန်းဆက်လိုက်သည်။
" ဟယ်လို "
" ရိပေါ် မင်းဘယ်မှာလဲဟင် "
" ကျွန်တော် ဆိုင်ရောက်နေပြီ "
တစ်ဖက်ကပြောလာသည့်ရိပေါ်စကားကြောင့် ရှောင်းကျန့်မျက်နှာလေးပျက်သွားခဲ့သည်။ ရှောင်းကျန့်ခုဏကရိပေါ်ကိုလာမကြိုခင် ရိပေါ်ရဲ့ဆိုင်အခြေအနေကို တစ်ချက်ဝင်ကြည့်ပေးခဲ့သည်။
85 ဆိုင်ကယ်အရောင်းပြခန်းစတင်သူက ဝမ်ရိပေါ်ဆိုပေမယ့် ယခုရိပေါ်ကျောင်းတက်နေချိန်မှာ ခဏဦးဆောင်းပေးနေသူက ဝမ်ကျိုးချန်မလား။ ရိပေါ်ကတော့ ကျောင်းတစ်ဖက်နှင့်ပေမယ့် သူ့လုပ်ငန်းကို မျက်ကွယ်မပြုထားပေ။ ကျောင်းအားရက် တွေဆိုဆိုင်ထိုင်တက်သည့်ကလေးပေါက်လေး။ ဒီနေ့လည်း မနက်ဖန်ကျောင်းပိတ်ရက်ဆိုတော့ ဆိုင်မှာလုပ်စရာရှိတာများကို သွားလေ့လာသည်ထင်တယ်။ ဒါပေမယ့် ကလေးပေါက်လေးကဆိုင်သွားခဲ့တာကို ရှောင်းကျန့်ကိုပင်ပြောမပြသွားပေ။ ဒါကြောင့် ရှောင်းကျန့်မှာကျောင်းရှေ့မှာ ဝေ့လည်ဝေ့လည်နဲ့။
ရှောင်းကျန့် ကျစ်အသာထိုးရင် ချင်းချင်းကိုနှုတ်ဆက်လိုက်သည်။
" ငါပြန်တော့မယ်ချင်းချင်း "
ရှောင်းကျန့်စကားကြောင့် ရှောင်းကျန့်နာမည်ခေါ်ကာ မဝင့်မရဲကြည့်လာသည့်ချင်းချင်း။
" ရှောင်းကျန့် "
" အင်းပြောလေ ချင်းချင်း "
" ငါ လမ်းကြုံလိုက်လို့ရမလားဟင်...."!
.
.
.လူတစ်ယောက်လုံးသူ့ရှေ့ကထွက်လာတာတောင် သတိမထားမိတဲ့ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ကိုတစ်ကယ်ချစ်ခဲ့တာမှဟုတ်ရဲ့လား။
ကိုကိုကျိုးချန်တို့ပြောသလောက် ရှောင်းကျန့်ဟာ gay တစ်ယောက်မဟုတ်ပါ။ ဒါကိုဘာလို့ရိပေါ်ကိုချစ်တယ်ဖွင့်ပြောလာတာလဲ။ ရိပေါ်အနေနဲ့ကတော့ အစကတည်းကချစ်နေခဲ့ရသူမလို့ အသက်မပြည့်သေးတာကို ပဓာနမထားဘဲ ချစ်တယ်လို့ပြန်ဝန်ခံခဲ့သည်။