" V "
" အင်း ရိပေါ် "
" ငါ ဦးကိုချစ်တယ်လို့ပြောလိုက်ပြီ "
ရိပေါ်စကားကြောင့် V သည်သဘောကျစွာရယ်သည်။
" မင်းကအစကတည်းကဖွင့်ပြောရမှာ အခုတော့ မင်းချစ်တဲ့သူကိုချစ်သူတော်လိုက်ရတော့ မင်းစိတ်ထဲမှာ အရမ်းပျော်နေတယ်မလား..."
" အင်း "
" ငါပြောပြမယ်ရိပေါ် အချစ်ဆိုတာ ယောကျာ်းမိန်းမ အသက်အရွယ်ခွဲခြားထားလို့မရဘူးကွ ဒါကြောင့် မင်းတစ်ကယ်ချစ်တယ်ဆိုရင် ကြီးတာငယ်တာမစဉ်းစားပဲ ဒီလူဟာ ငါ့ချစ်သူ ဒီလူဟာငါ့အပိုင်းဆိုပြီးတော့သာတွေးပြီး မင်းဦးကိုမင်းပိုင်ဆိုင်နိုင်ဖို့သာ ကြိုးစားလိုက်တော့ရိပေါ်..."
" အင်း ဦးက ငါ့ရဲ့အပိုင်.... "
ရိပေါ်စကားကြောင့် V သည်သဘောကျစွာရယ်ပြန်သည်။
" သိလားရိပေါ် မင်းကိုစတွေ့တုန်းက ကျောက်ဆစ်ရုပ်လေးတစ်ရုပ်လို အသက်မဲ့နေလို့ ငါကမချစ်တက်ဘူးထင်နေတာ။ တစ်ကယ်တော့ မင်းကငါထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ..."
" အင်းဟုတ်တယ် V ငါက လူတစ်မျိုး။ ပြီးတော့ ငါက လိုချင်စိတ်ကြီးတဲ့ လောဘလည်းရှိတယ်။ ဒါကြောင့် ငါ ငါချစ်တဲ့သူ့ကိုပိုင်ဆိုင်ချင်တယ်...."
" ပိုင်ဆိုင်ချင်ရင်မင်းကြိုးစားရမှာပေါ့။ ဒါပေမယ့် မင်းအတွက်နည်းနည်းတော့ခက်ခဲလိမ့်မယ်။ ဘာလို့လဲဆိုတော့ မင်းရဲ့ဦးက သူတို့စီးပွားရေးလောကမှာ ပျိုတိုင်းကြိုက်နေတဲ့ နှင်းဆီခိုင်ကြီးဖြစ်နေလို့ပဲ...."
V ရဲ့စကားကြောင့် ရိပေါ်သက်ပြင်းအသာချသည်။ ဟုတ်ပါတယ် ဦးက V ပြောသလို ပျိုတိုင်းကြိုက်တဲ့ နှင်ဆီခိုင်ကြီးတစ်ခုပါ။ ဒါပေမယ့် ရိပေါ်အတွက်တော့ စတွေ့ကတည်းက ရိပေါ်အပိုင်လို့ သတ်မှတ်ထားသည်မလို့ ထူးမခြားနားစွာ ဦးကိုရိပေါ်အပိုင် လုပ်ကိုလုပ်ရပေလိမ့်မည်...။
" V "
" အင်း "
" ငါ ဦးကိုတစ်ကယ်ချစ်တယ် "
" အဲ့ဒါဆို အပိုင်သိမ်းနိုင်ဖို့အမြန်ကြိုးစားပေါ့..."
.
.
.