" အင်းရှိတယ် ချစ်တယ် ဦး ။ ဦးကို ကျွန်တော် မုန်းလို့မရအောင် ချစ်ခဲ့မိပါတယ် ဦးရယ်..."
အမူးပိုနေတဲ့အူရိုင်းလေးရဲ့ရင်တွင်းစကားအဆုံး ရှောင်းကျန့် ကလေးငယ်လေးမျက်နှာကို သေချာစိုက်ကြည့်လိုက်သည်။ အမူးပိုသည်ဆိုတာထက် ရင်ဘက်ထဲကလာသည့် စကားအစစ်အမှန်းဆိုတာ သေချာသည့်မျက်နှာလေးကြောင့် ရှောင်းကျန့်ရင်ဘက်ထဲ ဝုန်းဒိုင်းကျဲလာသည်။ တစ်ကယ်ပဲ အရက်မူးတော့ကျွဲခိုးပေါ်ဆိုသည့်အတိုင်း အမူးလွန်သွားသည့်ကလေးငယ်က ရင်တွင်းခံစားချက်တွေပြောလာသည့်ပုံပဲ။
" ရိပေါ် ကလေးလေး..."
ရှောင်းကျန့်အူယားစွာ မူးနေတဲ့ကလေးငယ်လေးပါးဖောင်းလေးကို လက်လေးနဲ့မော့ကာ ခေါ်လိုက်တော့ မူးထွေထွေမျက်ပေတုန်းလေးတွေနဲ့ ပြန်ကြည့်လာသည့် ကလေးငယ်က ထူးလာသည်။
" ဗျ "
ထူအိအိနှုတ်ခမ်းလေးကဗျဆိုသည့်စကားအဆုံး ရှောင်းကျန့်စိတ်မထိန်းနိုင်တော့စွာ ကလေးငယ်ရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတော့သည်။
" ကိုယ်ချစ်လိုက်တာ ကလေးငယ်လေးရယ် "
စိတ်ထဲမှာထိန်းမချုပ်ထားနိုင်တော့စွာ စကားတိုးတိုးဆိုတော့ ရင်ခွင်ထဲကနေ ခေါင်းလေးငြိမ့်ထောက်ခံလာသည့် ကလေးငယ်လေးက အတူတူပဲတဲ့။
ဒါကြောင့်ရှောင်းကျန့်သည် ရိပေါ်ခန္ဓာကိုယ်လေးကို မြတ်နိုးခြင်းများနဲ့အတူ တင်းကျပ်စွာဖက်ထားလိုက်ပါတော့သည်။
ရွေးချယ်စရာတွေများနေခဲ့တာတောင် ကိုယ့်ကိုပဲအကြိမ်ကြိမ်ရွေးချယ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ကလေးငယ်ငယ်။
တစ်ယောက်ကိုတစ်ယောက်လွတ်ထွက်သွားမည် စိုးရိမ်သည့်အလားတင်းကျပ်စွာဖက်ထားကြသည့် ရိပေါ်နဲ့ရှောင်းကျန့်ကို ငေးကြည့်နေကြသည့် V နှင့် Jk. အစကတော့ စတိုင်ကြီးမလိုင်ကြီးတစ်ခွဲသားနဲ့ အခုကြတော့လည်း လူရှေ့သူရှေ့မရှောင် ဖြစ်နေလိုက်ကြတာ။ ခိုးဖက်ထားတာတောင်မဟုတ်ဘူး။ လွတ်ထွက်သွားမှာဆိုးလို့ တင်းကျပ်စွာဖက်ထားကြတာ။