9

2.1K 292 17
                                    

ရိပေါ်တက်နေသည့် ကျောင်းရှေ့ရောက်နေသည့်ရှောင်းကျန့်။ ဒီနေ့ဟာရိပေါ်ရဲ့ အထက်တန်းစာမေးပွဲနောက်ဆုံးနေ့ပါ။ ခါတိုင်းရိပေါ်ကျောင်းတက်ကျောင်းဆင်းကို ဝမ်အိမ်တော်ကကားအပို့အကြိုလွတ်ပေမယ့် ဒီနေ့ရှောင်းကျန့်က ကလေးပေါက်လေး စာမေးပွဲဖြေပြီးသည့်နောက်ဆုံးနေ့မလို့ မုန့်ဝယ်ကျွေးမည်ဆိုသည့်စိတ်နှင့် လာကြိုးခြင်းဖြစ်သည်။

ဝမ်ကျိုးချန်ကတော့ပြောသည် ဝမ်ရိပေါ်သည် ရှောင်းကျန့်နှင့်ဒြပ်တည့်သည်တဲ့။ ဝမ်ရိပေါ်ဟာ ကျိုးချန်သူငယ်ချင်းတွေနဲ့ခင်ဖို့မပြောနဲ့ ကျိုးချန်အိမ်ကို ငယ်ငယ်လေးကတည်းကဝင်ထွက်နေတဲ့ ယွီပင်းနဲ့တောင်မေးထူးခေါ်ပြောကမပိုဘူးတဲ့။ ဒါပေမယ့် အမိမြေကိုပြန်ရောက်တာမကြာသေးပဲ ဝမ်အိမ်တော်ကိုဝင်ထွက်နေသည့်ရှောင်းကျန့်နဲ့ကြ ငယ်ငယ်ကတည်းကအတူနေခဲ့ကြသည် ညီအကိုရင်းပမာခင်တွယ်ကြသည်တဲ့။

ဒီစကားသည် ကျိုးချန်သာမက ယွီပင်းရယ် ဝမ်အိမ်တော်က ပါပါး မာမားရယ်နှင့် ဝမ်အိမ်တော်မှာ ငယ်ငယ်ကတည်းကအလုပ်လုပ်သည့် လူတော်တော်များများကပါပြောကြသည်။ ဒါကြောင့်ရှောင်းကျန့်မှာ သဘောကျစွာရယ်မောရသေးသည်။

သူ့ကိုခင်တွယ်ရမှာပေါ့ ကလေးပေါက်ကို ရှောင်းကျန့်ကအလိုကြိုက် အလိုက်ဆောင်ထားပေးထားတဲ့ဟာ။ ရှောင်းကျန့်မှ ဒီလိုအလိုမလိုက်ရင်လည်း ကလေးပေါက်လေးက နှုတ်ခမ်းတစ်ဒေါင်လောက်ထွက်ကာ စိတ်ကောက်ပေရော့မည်။ ဒါကြောင့် ရှောင်းကျန့်မှာ ကလေးပေါက်လေးစိတ်မကောက်ဖို့အရေး ဒို့အရေးနှင့် ကလေးပေါက်လေးအား ဖူးဖူးမှုတ်ထားရပါသည်။

ရှောင်းကျန့် ကျောင်းရှေ့ရောက်ပြီးမကြာခင် စာမေးပွဲဖြေပြီးသည့် ကျောင်းသားများသည် ကျောင်းထဲမှထွက်လာကြသည်။ ဒါကြောင့် ရှောင်းကျန့်လည်း ကလေးပေါက်လေးကိုလာကြိုမည့်အကြောင်း ကြိုမပြောထား၍ ကလေးပေါက်လေးသူ့ကိုမတွေ့မည်ဆိုးတာကြောင့် ကားပေါ်မှဆင်းကာ ကားတံခါးကိုမှီပြီးရပ်နေလိုက်သည်။

" ရှောင်းကျန့် "

ရှောင်းကျန့်ကားပေါ်ကဆင်းသည့်အခါ ခေါ်လာသည့်အသံကြောင့် လှည့်ကြည့်လိုက်သည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Tempat cerita menjadi hidup. Temukan sekarang