" အရမ်းကြီးစိုးရိမ်စရာမရှိတော့ပါဘူး..."
ဆရာဝန်ကြီးရဲ့စကားကြောင့် ကျိုးချန်သက်ပြင်းအသာချသလို ဝမ်ပါးက ခေါင်းလေးငြိမ့်သည်။ ဝမ်မာမားကတော့ မျက်ရည်လေးများဝဲလို့။
ဝမ်အိမ်တော်ရဲ့အငယ်ဆုံးသားလေးက သန်မာလွန်းတယ်။ တစ်နှစ်မှတစ်ခါတောင်ဖျားနားခြင်းကင်းတယ်လေ။ ဒါပေမယ့်အခုတော့ ဝမ်အိမ်တော်ရဲ့အငယ်ဆုံးလေးက သတိမေ့သွားအောင် အရမ်းကြီးနေမကောင်းဖြစ်နေခဲ့သည်။
အဲ့ဒီနေ့က ညီငယ်လေးဟာ သူငယ်ချင်းဖြစ်သူနဲ့ဘားကိုသွားဖို့လာပြောသည့်အခါ ကျိုးချန်ရော ပါပါးကပါ သွားခွင့်ပြုပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ ယောကျာ်းသားဆိုတာ အပြင်လောကကြီးနဲ့ အရမ်းကင်းကွာလို့မရဘူးမလား။ သောက်စားပျော်ပါးတာမျိုး တစ်ခါတစ်လေရှိသင့်တာမလို့ ဝမ်းပန်းတသားသွားခွင့်ပြုခဲ့ပေမယ့် ညီငယ်လေးဒီလိုထိခိုက်မှုဖြစ်လာမယ်မှန်းသိရင် ဝမ်ကျိုးချန်သွားခွင့်ပြုခဲ့မှာမဟုတ်ဘူး။
အဲ့ဒီနေ့ညက ညီငယ်လေးဖုန်းဆက်လာတယ်။ သူငယ်ချင်းအိမ်မှာပဲအိပ်လိုက်တော့မယ်တဲ့။ ဒါကြောင့် အံ့သြသင့်မိပေမယ့် အသက် ၁၈နှစ်အရွယ် လူပျိုပေါက်လေးကို ဝမ်အိမ်တော်ကအရမ်းမချုပ်ချယ်ခဲ့ပါဘူး။ ဒါပေမယ့် မနက်အိမ်ပြန်လာတော့ ညီငယ်လေးခြေထောက်မှာ ပတ်တီးစတွေနဲ့အတူ ဖြူဖျော့နေတဲ့ ခန္ဓာကိုယ်းလေးကြောင့် ကျိုးချတ်တို့တစ်အိမ်သားလုံး ထိတ်လန့်ရတယ်။
ဘားမှာကခုန်ရင်း နံရံနဲ့ထိမိပြီး ခြေထောက်ကွဲသွားလို့ အဖျားဝင်နေသည်တဲ့။ အပျော်ကနေ အပျက်ဖြ်းလာပေမယ့် တစ်ခါလေးထွက်လည်တဲ့ ညီငယ်လေးကိုတစ်အိမ်သားလုံး အပြစ်မတင်ကြပါ။ ဒါပေမယ့် စိတ်ပူပေးကြသည်။ ချက်ချင်းဆရာဝန်ခေါ်ပြီး ဒါဏ်ရာကိုကြည့်စေခဲ့သည်။ အရှိန်ပြင်းစွာရိုက်မိသည်ထင်တယ် ခြေဖနောင့်လေးဟာ တော်တော်လေးကွဲသွားခဲ့သည်။ ချုပ်ဖို့မလိုသည်ကြောင့် မချုပ်ရပေမယ့် အခုညီငယ်လေးကတော့ အဖျားတက်ကာ သတိလစ်နေပြီ။
ဆရာဝန်ကစစ်ဆေးပြီးပြီမလို့ ကျိုးချန်အိမိအောက်ထပ်ပြန်လိုက်ပို့တော့ ဧည့်ခန်းမှာထိုင်နေကြသေးသည့် ကောင်လေးနှစ်ယောက်ကိုတွေ့လိုက်ရသည်။ တစ်ယောက်သည် ကျိုးချန်တို့နဲ့ရွယ်တူဖြစ်လောက်ပြီး နောက်တစ်ယောက်ကတော့ အိမ်ရဲ့အငယ်ဆုံးလေးနဲ့သူငယ်ချင်းဖြစ်ပုံရသည်။