21

2.3K 293 13
                                    

ရိပေါ်ကိုတင်းကျပ်စွာဖက်ကာ ပြောလာသည့်ရှောင်းကျန့်စကားတွေက ညာနေသည့်ဟန်မပေါ်ဘူး။ ဒါကြောင့် ရိပေါ်စိတ်ကိုတစ်ထစ်လျော့ချလိုက်သည်။ ကိုယ်ကအရင်ချစ်ခဲ့သူမလား။ ဒေါသအလျောက်ပြောလိုက်ပေမယ့် တစ်ကယ်တမ်းရှောင်းကျန့်ကိုရိပေါ်လမ်းမခွဲချင်ပါ။ ဒါကြောင့်အတက်နိုင်ဆုံးညှိယူဖို့ကြိုးစားကြည့်မယ်။

" ဦး "

" ကိုယ့်ကိုမထားခဲ့ပါနဲ့ရိပေါ် "

" အင်း မထားခဲ့ဘူး ဒါပေမယ့် ကျွန်တော်တို့စကားပြောကြရအောင်..."

" အင်း "

ရိပေါ်စကားအဆုံး ရိပေါ်ခေါင်းလေးကိုဖိကပ်နမ်းရင်း လွတ်ပေးလာသည့်ရှောင်းကျန့်ကို ရိပေါ်သေချာစိုက်ကြည့်သည်။

ယခုအချိန်အထိ မျက်သားလေးများရဲနေသည့်ဟန်က သနားဖွယ်ရာအတိ။

" ကျွန်တော်ခုဏက ဦးနဲ့ သူမ စကားပြောနေတာကိုတွေ့တယ်..."

" အင်း သူလာနှုတ်ဆက်လို့ပါ "

" အင်း သိတယ် ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက ကျွန်တော် ဦးကို သူမနဲ့ရင်းနှီးနေတာမကြိုက်ဘူး..."

" ဘာလို့လဲရိပေါ် "

" ကျွန်တော်မိန်းကလေးတစ်ယောက်ကွယ်ရာမှာ မကောင်းသတင်းမပြောချင်ဘူး။ ဒါပေမယ့် ဦးသိအောင်ပြောပြရမယ်ဆိုရင် သူမက ကောင်းတဲ့မိန်းမမဟုတ်ဘူးဦး။ ဒါကြောင့် ကျွန်တော် ဦးကို သူမနဲ့ရင်းနှီးနေတာ မမြင်ချင်ဘူး..."

" အင်း ကိုယ်နားလည်ပါပြီရိပေါ်။ ဒါကြောင့် ကိုယ်သူမကိုအတက်နိုင်ဆုံးရှောင်းပါ့မယ်.."

" အင်း စကားတည်ပါ ။ ဘာလို့လဲဆိုတော့ အခြားမိန်းမတစ်ယောက်အတွက်နဲ့ ကျွန်တော်တို့နှစ်ယောက် ခဏခဏစကားမများချင်လို့ပါ...."

" အင်း ကိုယ်နားလည်ပါပြီရိပေါ် "

" အင်း "

" အဲ့ဒါဆို ရိပေါ်ကိုယ့်ကိုစိတ်ဆိုးပြေပြီလားဟင် "

" အင်း "

" အဲဒါဆို ကိုယ်မင်းကိုနမ်းလို့ရမလား.."

ရှောင်းကျန့်စကားကြောင့် မျက်ပေတုံးလေးများနဲ့ ရှောင်းကျန့်ကိုစိုက်ကြည့်လာသည့်ရိပေါ်ကို ရှောင်းကျန့်ပြုံးရယ်ပြလိုက်သည်။ ထိုအခါမှ ဖူးပွင့်စနှုတ်ခမ်းလေးကဆိုလာသည့် စကားသံလေးက နောက်တစ်ခါနမ်းချင်ရင် ခွင့်တောင်းစရာမလိုဘူးတဲ့။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Où les histoires vivent. Découvrez maintenant