ဝမ်ပါပါး ဝမ်မာမားရှေ့မှာငြိမ်သက်စွာထိုင်နေခဲ့သည့် ဝမ်ရိပေါ်။ ထို့အတူဝမ်ရိပေါ်ဘေးမှာငြိမ်သက်စွာရှိနေတဲ့ ရှောင်းကျန့်။ ရှောင်းကျန့်ဟာ ဝမ်ရိပေါ်ဘေးမှာငြိမ်သက်စွာရှိနေပေမယ့် စိတ်တွေကတော့ သေလောက်အောင်လှုပ်ရှားနေသည်။ ထို့အတူ ဝမ်ရိပေါ်ဟာလည်း ကျောက်ဆစ်ရုပ်လေးလို အလှုပ်မရှားရှိနေခဲ့ပေမယ့် ရင်ခုန်သံတွေဟာ မြန်ဆန်လွန်းနေခဲ့။
ဝမ်ပါပါးသည် ဝမ်မာမား၏ အရေးတကြီးဖုန်းခေါ်ဆိုမှုကြောင့် ကုမ္ပဏီကနေအမြန်ပြန်လာခဲ့ရသည်လေ။ ထို့အတူ ဝမ်မိသားစုရဲ့သားကြီး ဝမ်ကျိုးချန်ကိုပါခေါ်ခဲ့ပြီးပေါ့။ ယခု ဝမ်ပါပါးတို့အိမိရောက်တော့မှ ဝမ်မာမားသည်ပြောလာသည်။ အရေးတကြီးကိစ္စဆိုသည်မှာ ဝမ်အိမ်တော်ရဲ့အငယ်ဆုံးလေးမှ စကားပြောစရာရှိနေသည်ဟူ၍။
ဝမ်အိမ်တော်ရဲ့အငယ်ဆုံးလေးသည် အနေအေးသော ရေခဲတုံးလေးနဲ့တူပါသည်။ ဝမ်အငယ်ဆုံးလေးသည် ဝမ်မိသားစုကို စိတ်ပူပန်စေမှုပေးသောကလေးမဟုတ်။ အနေအေးသော အိမ်ကိုခင်တွယ်သော လိမ္မာသောကလေးတစ်ယောက်ဖြစ်သည်။ ထို့အတူ လိုအပ်မှသာ စကားပြောအကူအညီတောင်းတက်သော အငယ်ဆုံးလေးက ဝမ်အိမ်တော်ကိုအရေးတကြီးပြောစရာ စကားရှိသည်ဆိုတာကြောင့် ဝမ်ပါပါး ဝမ်မာမားတို့သည် အလေးထား အရေးပေးနားထောင်နေကြသည်။ ဒါပေမယ့် ဝမ်အငယ်ဆုံးလေးက မည်သည့်စကားမှမပြောပဲငိမ်သက်စွာထိုင်နေသဖြင့် မနေနိုင်တော့သည့် ဝမ်ပါပါးကသာ ချောင်းအသာဟန့်ရင်း စကားစသည်။
" သားငယ် ပါပါးတို့ကိုပြောစရာရှိတယ်ဆို "
ဝမ်ပါပါးစကားကြောင့် ခေါင်းလေးငြိမ့်ပြလာသည့် ကျောက်ဆစ်ရုပ်လေးသည် နှုတ်ခမ်းလုံးလုံးလေးကလည်း စကားတိုးတိုးလေးဆိုလာခဲ့သည်။
" ကျွန်တော် ရှောင်းကျန့်ဦးနဲ့ ချစ်သူတွေဖြစ်နေပါပြီ"
ဝမ်ရိပေါ်စကားကြောင့် ဝမ်ပါပါးတို့သည် ရုတ်တရက် အံ့သြသင့်သွားပြီး ပြောစရာစကားမရှိစွန့်အသွားသည်။ ထို့နောက် ဝမ်ပါပါးသည် သဘောကျစွာရယ်သည်။ ထို့အတူ ဝမ်မာမားကလည်း ပြုံးတုံးတုံးလေးဖြစ်လာသည်ကြောင့် ကျောက်ဆစ်ရုပ်လေးသည် မနေတက်မထိုင်တက်ဖြစ်လာကာ လှုပ်ရှားလာပါသည်။