ရက်မကြာခင်လေးမှာ ရိပေါ်မွေးနေ့ရောက်လာတော့မည်ဖြစ်တာကြောင့် ဝမ်အိမ်တော်မှာလုပ်နေသည့် အလုပ်တွေ ပြင်ဆင်နေသည်များကိုကြည့်ကာ ရိပေါ်မျက်စိနောက်ရပါသည်။ ဒါကြောင့်ရိပေါ်သည် ကိုကိုကျိုးချန်ကိုပြောပြီး အပြင်ထွက်လာခဲ့သည်။ ဝမ်ရိပေါ်ဆိုတာ ငယ်စဉ်ကတည်းက တစ်ယောက်တည်း အေးအေးဆေးဆေးနေတက်သူမလား။ ဒါကြောင့် မျက်စိရှုပ်စရာတွေ လူများနေတာတွေ့ရင် အနေတက်မထိုင်တက်ဖြစ်နေတက်သည်။ ဒါကိုနားလည်သည့် ကိုကိုကျိုးချန်ကလည်း ဝမ်ရိပေါ်ကို ဝမ်အိမ်တော်ကကားပေါ်သေချာတင်ပေးပြီး ဝမ်ရိပေါ်သွားချင်တဲ့နေရာကိုလိုက်ပို့စေခဲ့သည်။ ဒါကြောင့် ဝမ်ရိပေါ်ပြုံးမိသည်။ မကြာခင် အသက်၁၈နှစ်ပြည့်တော့မည့်ဝမ်ရိပေါ်ဟာ ကလေးမဟုတ်တော့ဘူး ချစ်သူရည်းစားတောင်ထားတက်နေပြီဆိုတာ တစ်ရက်ကိုကိုအပါအဝင် ဝမ်တစ်အိမ်တော်လုံးကိုဖွင့်ပြောရပါလိမ့်မည်။
ကားပေါ်ရောက်တော့ ဝမ်ရိပေါ်ဆိုသည့် တ်ကိုယ်တည်းနေတက်သည့် အကောင်ပေါက်လေးမှာ သွားစရာနေရာမရှိဖြစ်နေပါသည်။ ကျောင်းပိတ်ရက်မလို့ ကျောင်းလည်းသွားမရ ။ V ကလည်း ဒီနေ့ သူ့ရဲ့ကိုကို Jk နဲ့ date မည်ဆိုတာကြောင့် V ကိုလည်း သွားမရှုပ်ချင်ပါ။ ဒါကြောင့် ရိပေါ်သည် နောက်ဆုံး ရိပေါ်နဲ့အရင်းနီးဆုံးလေး ချစ်ရသူဦးထံသို့သာ သွားဖို့ပြင်သည်။ ရိပေါ်သည် ဒရိုင်ဘာကြီးကို ရှောင်းကုမ္ပဏီကိုပို့ခိုင်းလိုက်သည်။ ရှောင်းကုမ္ပဏီဟာ ကိုကို့သူငယ်ချင်း ရှောင်းကျန့်ကုမ္ပဏီဆိုတာသိတာကြောင့် ဒရိုင်ဘာကြီးကလည်း ချက်ချင်းပင်ပို့ပေးခဲ့ပါသည်။
ရိပေါ်သည် ကားပေါ်ကဆင်းပြီး ရှောင်းကုမ္ပဏီကိုမော့ကြည့်သည်။ ဒီကုမ္ပဏီဟာ ဦးဒီမြေကိုပြန်ရောက်လာမှ တည်ဆောက်ခဲ့သည့်မှတ်တိုင်ကြီးတစ်ခုဖြစ်သည်။ ဦးရဲ့ကြိုးစားမှု ဦးရဲ့အရည်အသွေးကြောင့် ရှောင်းကုမ္ပဏီသည် များမကြာသေးခင်ကပင် စီးပွားရေးလောကမှာ သတိထားစရာပြိုင်ဘက်တစ်ခုဖြစ်လာခဲ့သည်ဟု စီးပွာရေးလောကမှာဆိုကြသဖြင့် ဝမ်ရိပေါ်ပင် ဦးရဲ့အရည်အချင်းကို သဘောကျမိခဲ့သည်။ ပါပါးကတောင်ပြောသည် ရှောင်းကျန့်သည် သိပ်တော်သည်တဲ့။ ဝမ်ကုမ္ပဏီကိုတည်ထောင်အုပ်ချုပ်နေသည့် ပါပါးကတောင် ချီးကျူးစကားပြောကြားရသည်အထိ ဦးကတော်လွန်းပါသည်။