6

2.6K 367 24
                                    

မျက်ပေတုံးလေးကိုမျက်လွှာချပြီး နှုတ်ခမ်းလုံးလုံးလေးက စကားတိုးတိုးဆိုသည်။ ခြေထောက်နာနေလို့ ကျောပိုးသွားပါတဲ့။ ထိုစကားကြောင့် ရှောင်းကျန့်မှာ နားကြားမှားနေသည်လာဆိုပြီး အကောင်ပေါက်လေးမျက်နှာကို စိုက်ကြည့်လိုက်ပေမယ့် အတည်ပြောသည့်ဟန်နှင့်အကောင်ပေါက်လေးက ရှက်နေသည့်ဟန်ပန်လေးလဲ ဖြစ်နေခဲ့ပါသည်။

မျက်လွှာချထားပေမယ့် ပုတ်ခက်ပုတ်ခက်ဖြစ်နေတဲ့ မျက်တောင်လေးတွေ၊ ဖောင်းအိအိပါးလေးနှစ်ဖက်၊ အနည်းငယ်နီရဲနေသည့် နှားရွက်ဖျားလေးတွေနဲ့ လက်နှစ်ဖက်ကိုပူးကပ်ကာ စိတ်လျော့ချနေသည့်ဟန် ပေါက်နေသည့်အကောက်ပေါက်လေး။ ဧကန်န သူပြောလိုက်သည့်စကားကိုသူ့ဟာသူ ရှက်နေသည့်ပုံလေးမလို့ ရှောင်းကျန့်သဘောကျစွာပြုံးလိုက်မိသည်။

ဘယ်လောက်ပဲလူကြီးဟန်ဆောင်နေပါစေ ကလေးလေးက ကလေးလေးပါပဲလေ။

ကလေးပေါက်လေးရှက်နေသည့်ဟန်မှာ သိပ်ပြီးချစ်ဖို့ကောင်းနေသည်မလို့ ရှောင်းကျန့်မှာ အူရော အသည်းပါယားသွားသည်။ ဒီလုံးတုံးခန္ဓာကိုယ်လေးကို ဖိညစ်ပြီး ပါးဖောင်းလေးကို ဖိကပ်နမ်းရင် ကလေးများထိုင်ငိုသလို ခြေထောက်တွေဆောင့်ပြီး ငိုနေမလာပဲ။

ဘယ်လောက်ထိ လူကြီးလိုဟန်ဆောင်နေပါစေ ကလေးငယ်လေးသဘာဝ အလိုလိုက်ပေးစေချင်တဲ့စိတ်လေးရှိနေတော့ ရှောင်းကျန့်ဟာ ကျိုးချန်တို့ပြောသည့်စကားကို ဆန့်ကျင်ရတော့မည်။ ကလေးပေါက်လေးသည် အဖေ့ထက်သားတစ်လကြီး ဆရာကြီးအရမ်းမဆန်ပါဘူး။ ကလေးပေါက်လေးမှာ ကလေးဆန်လွန်းသည့် ဆိုးနွဲ့မှုများနဲ့ ချစ်စဖွယ်ဟန်ပန်ရှိသည့်ကလေးငယ်လေး တစ်ယောက်သာဖြစ်နေပါသည်လို့....။

ရှောင်းကျန့် အူရောအသည်းရောယားသည့်စိတ်ကို အသာဖယ်ချလို့ သူ့ရှေ့မှာခေါင်းလေးငုံ့ကာ ရှက်နေသည့်ဟန်ပေါက်သည့် ကလေးပေါက်လေးကို အာရုံပြန်ထားသည်။

" ဝမ်ရိပေါ် "

" ...... "

ရှောင်းကျန့်ခေါ်လိုက်ပေမယ့် ပြန်ထူးမလာသည့် အကြောတင်းလေးက မျက်နှာလေးတော့ မော့ကြည့်ဖော်ရသည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Donde viven las historias. Descúbrelo ahora