22

2.3K 246 6
                                    

ရှောင်းကျန့်ကားမောင်းရင်း ဘေးကကလေးပေါက်လေးကိုလှည့်ကြည့်မိသည်။ မျက်နှာတည်လေးနဲ့ထိုင်ပြီး ပြတင်းပေါက်ကိုမျက်ပေတုံးလေးတွေနဲ့ စိုက်ကြည့်နေသည့် ဝမ်ရိပေါ်။ ဝမ်ရိပေါ်ဆိုသည့်ကလေးပေါက်လေးသည် ချောသည်လှသည်ဆိုတာထက် ချစ်ဖို့ကောင်းသည်ဆိုတာ အတိုင်းထက်အလွန်ပါပဲ။

စိတ်အလိုမကျသည့်အချိန်များဆို နှုတ်ခမ်းလေးထော်ပြီး မျက်ပေတုံးလေးက မျက်မှောင်ကုတ်၍ထားသည်များ လသားအရွယ်ကလေးငယ်လေးများ စိတ်အလိုမကျနေသလိုလေး။

တစ်ခါတစ်လေများ နှုတ်ခမ်းလေးထော်​နေယုံမက ဖောင်အိအိပါးလေးတုံအောင်အထိ ပါးစပ်ထဲလေတွေငုံပြီး စိတ်ကောက်တက်ပါသေးသည်။

ယခုလည်း မျက်မှောင်လေးကုတ်ပြီး မျက်နှာတည်လေးနဲ့ပြတင်းပေါက်ဘက်ငေးနေသည့် အကောင်ပေါက်လေးဟာ စိတ်ကောက်နေသည်များလား။ စိတ်ကောက်နေသည်ဟု တွေးကြည့်ရအောင်ကလည်း ရှောင်းကျန့်မှာဘာအမှားမှမလုပ်ထားပါ။

ခုဏကကျောင်းရှေ့မှာရိပေါ်ကိုသွားကြိုရင်း အရင်လုပ်ငန်းမှာအတူတွဲလုပ်ခဲ့သည့် သူငယ်ချင်းဖြစ်သူနှင့်တွေ့သည်ကြောင့် စကားပြောမိကြရင်း ရှောင်းကျန့်တောင်ပြောခဲ့မိသေးသည်။ သူ၏ချစ်သူ ဂျစ်တူးလေးကိုကျောင်းလာကြိုခြင်းဖြစ်သည်လို့။ ထိုအခါသူငယ်ချင်းဖြစ်သူကလည်းပြောသည် သူလည်းသူ၏ဂျစ်တူးလေးကို လာကြိုခြင်းဖြစ်သည်တဲ့။

ဒါကြောင့် နှစ်ယောက်သားစကားပြောရင်း စောင့်နေမိကြသည့်အချိန် ရိပေါ်ရောက်လာခဲ့သည်ကြောင့် ရှောင်းကျန့်သည့် သူငယ်ချင်းဖြစ်သူအား ရိပေါ်နှင့်ပင်မိတ်ဆက်ပေးလိုက်သေးသည်။ ဒါကို ဂျစ်တူးလေးက ဘာကိုအလိုမကျသွားသနည်း...။

" ရိပေါ် "

" ....... "

" ဝမ်ရိပေါ် "

" ....... "

" ဝမ်သခင်မလေး "

" မခေါ်နဲ့ "

ကလေးပေါက်လေးသည်ဆိုးပါသည်။ တော်တော်ကြီးကိုဆိုးပါသည်။ စိတ်များကောက်နေရင် ရှောင်းကျန့်ဘယ်လောက်ခေါ်ခေါ်ပြန်မထူးပဲ မကြားဟန်ဆောင်နေတက်ပါသည်။ ဒါပေမယ့် သူမကြိုက်သည့်နာမ်စားလေးများခေါ်ကြည့် ချက်ချင်းဂျိုပေးလာသည်များက မီးထပွင့်တော့မည့် နဂါးပေါက်လေးလို။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now