ညစာထမင်းစားပြီး မိသားစုနဲ့စကားပြောနေချိန် ရိပေါ်ဖုန်းလေးမည်လာခဲ့သည်။ ခေါ်ဆိုသူက V. ဒါကြောင့် ရိပေါ် ပါပါးမာမားနဲ့ ကိုကိုကိုခွင့်တောင်းကာ ဖုန်းကိုင်လိုက်သည်။
" ဟယ်လို V "
" အေး ရိပေါ် ငါ "
" အင်းပြော "
" ငါ မင်းရဲ့ဦးကိုတွေ့နေရတယ် "
" ဘယ်မှာလဲ "
" ပူစီဘားမှာ "
" ...... "
V ရဲ့စကားကြောင့် ရိပေါ်ဘက်က ပြောစရာစကားမရှိတော့အောင် တိတ်ဆိတ်သွားခဲ့ရသည်။ တစ်ကယ်တမ်းပြောမယ်ဆို ရှောင်းကျန့်သည် ဒီနေ့အလုပ်အရမ်းရှုပ်နေပါသည်ဆိုသည့် အကြောင်းပြချက်နဲ့ ရိပေါ်ကိုတောင် ကျောင်းလာမကြိုခဲ့။ ညတောင် OT ဆင်းရမယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖုန်းမဆက်သည့် ရှောင်းကျန့်ဟာ အခု ဘားမှာဆိုတော့ ရိပေါ်အနည်းငယ်တွေဝေသွားရသည်မလား။
" ရိပေါ် "
တစ်ဖက်ကပြန်ပြီးအသံပေးလာသည့်အခါမှ အသိပြန်ဝင်လာသည့်ရိပေါ်ဟာ V ကိုပြန်ထူးသည်။
" အင်း V "
" မင်း ဒီကိုလာမလား မင်းလာကြည့်မလားဟင် ငါတော့မင်းကို မင်းဦး ဘယ်လိုဖြစ်နေတယ်ဆိုတာ မပြောပြချင်ဘူး။ မင်းကိုယ်တိုင်မျက်စိနဲ့လာတွေ့တာ အကောင်းဆုံးမလို့ "
" အရမ်းကြည့်ရဆိုးနေလို့လား V "
" ငါမပြောတက်ဘူး ဒါပေမယ့် မင်းလာတွေ့တာပဲကောင်းလိမ့်မယ်..."
V ရဲ့စကားကြောင့် ရိပေါ်စဉ်းစားရပြန်သည်။ V သည် ယောကျာ်းလေးတစ်ယောက်ဖြစ်သည့်အလျောက် ယောကျာ်းတို့၏ဘုန်းတန်းခိုးနှင့်နေထိုင်သူဖြစ်သည်။ ဘယ်တော့မှ တစ်ပါသူအတင်းအား လက်လွတ်စပယ်ပြောသည်မဟုတ်။ ယခုအခြေအနေက မပြောမဖြစ်သည့် အနေအထားမလို့ပြောသည်ထင်တယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ပျက်နေသည်ကိုကိုယ်တိုင်မပြောပဲ ကာယကံရှင်ဖြစ်သည့်ရိပေါ်ကိုသာ လာကြည့်ခိုင်းနေသူဖြစ်သည်။ ဒါကြောင့် ရိပေါ်မျက်စိနှင့်ကိုယ်တိုင်သွားကြည့်ဖို့ပြင်သည်။
" အင်း V ငါလာခဲ့မယ်..."
ရိပေါ်စကားအဆုံး V ဘက်ကပြန်ပြောလာသည့် စကားတစ်ခွန်းကြောင့် ရိပေါ်ပြုံးလိုက်ရသည်။ ငါ JK ကိုလွတ်လိုက်ပြီတဲ့။ V သည် ရိပေါ်အတွက်ဆို သိပ်ကိုအလိုက်သိလွန်းသည့် သူငယ်ချင်းလေး။