ဝမ်အိမ်တော်ရဲ့ခြံဝန်းကြီးတစ်ခုလုံးသည် မီးရောင်များနှင့်လင်းထိန်နေသည်။ ထိုမီးရောင်အောက်တွင်ရှိနေသည့် လူအများကလည်း ဝတ်ကောင်းစားလှတွေနဲ့တောက်ပနေသည်၊ ယနေ့သည်က ဝမ်အိမ်တော်ရဲ့အငယ်ဆုံးလေး ဝမ်ရိပေါ်လေး၏ တစ်ဆယ့်ရှစ်နှစ်ပြည့်မွေးနေ့ပွဲဖြစ်ပါသည်။
ပြောရမယ်ဆို ဝမ်မိသားစုကနေ ဝမ်အငယ်ဆုံးလေးကိုပွဲထုတ်သည့်နေ့မလို့ ထိုပွဲကိုဖိတ်ကြားခံရသူတွေသည် အလွတ်စတမ်းတက်ရောက်ကြသည်။
ဝမ်ရိပေါ်သည် ထောင့်လေးတစ်ထောင့်ရှိ ခုံလေးမှာငြိမ်သက်စွာထိုင်နေသည်။ ရိပေည်ဘေးတွင်တော့ V ရှိသည်။ V ရဲ့ဘေးတွင်တော့ V ၏ချစ်လှစွာသော Jk ထိုင်နေ၏။ V သည် မွေးနေ့ပွဲကကျွေးသော မုန့်ကိုစားရင်း ရိပေါ်ကိုခေါ်သည်။
" ရိပေါ် "
" အင်း "
" မင်း ဘဲကြီးမလာဘူးလား..."
V ရဲ့စကားကြောင့် ရိပေါ်မျက်နှာတည်လေးသည် ပို၍တင်းတည်သွားရသည်။
" သူနဲ့ငါက ဆိုင်မှမဆိုင်တော့တာ..."
" ဒါပေမယ့် "!
" V "!
V ရဲ့အတွန့်တက်ဆက်ပြောလာမည့်စကားကို Jk အမြန်ဆုံးတားလိုက်ရသည်။
သိပ်ဆိုးလွန်းတဲ့ V က ကာယကံရှင်မျက်နှာကိုမကြည့်ဘူး။ ပြောချင်ရာတွေဇွတ်ပြောနေတာ။ V ပြောတာအရေးမကြီးဘူး ဟိုမှာရိပေါ်မျက်သားလေးတွေက ငိုချတော့မည့်ဟန်နှင့် ရဲတက်လာပြီ။
Jk တားလိုက်သည်ကြောင့် ရိပေါ်မျက်နှာအခြေအနေကိုသိသွားသည့် V သည် ငြိမ်သက်သွားရသည်။ ရိပေါ်သည် သူ၏ရှေ့မှာရှိနေသော စားပွဲဝိုင်းကိုအကြည့်ရောက်သွာသည်။ ထိုစားပွဲဝိုင်မှာတော့ ကိုကိုကျိုးချန်နှင့် သူငယ်ချင်းများထိုင်နေကြသည်။ ထိုအထဲမှာ ကိုကိုတို့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သည့် ကိုကိုယွီပင်းပါ ပါသည် ။ ဒါပေမယ့်တစ်ယောက်တည်းသောသူကတော့ မပါပါ။
မတွေ့ချင်တော့ဘူးလို့ပြောခဲ့ပေမယ့် တစ်စွန်းတစ်စတော့မျှော်လင့်ခဲ့ပါသေးတယ် ခင်ဗျားရယ်.....။