အရှုပ်တွေလုပ်နေရတဲ့ရှောင်းကျန့်ဟာ တစ်ခါတစ်လေ သူ့လုပ်နေရတဲ့အလုပ်ကိုတောင်စိတ်ကုန်လာသည်။ သူတစ်သက် ထိုင်စား၍မကုန်သောငွေတွေရှိပါရက်နဲ့ ဘာကြောင့် ဒီလောက်ထိရှုပ်နေတဲ့အလုပ်တွေ လုပ်ခဲ့မိတာပါလိမ့်။ အတွေးတွေနဲ့တင် စိတ်ရှုပ်မိတဲ့ရှောင်းကျန့်ဟာ မျက်စိထဲမှာ ပါးဖောင်းဖောင်းနဲ့ ကောင်လေးကိုမြင်ယောင်လာခဲ့သည့်အခါတော့ နှုတ်ခမ်းပါးလေးကပြုံးရိပ်ထင်သွားခဲ့သည်။
ရှောင်းကျန့်ရှာနေသမျှ ငွေကြေးများသည် ဝမ်ရိပေါ်ဆိုသည့် ဝမ်သခင်မလေးအတွက်။
အတွေးလေးနဲ့တင် ကျေနပ်မိတဲ့ရှောင်းကျန့်ဟာ အပြုံးလှလှပြုံးသည်။ အမျိုးသားချင်းအချစ်ရယ်နဲ့ပေမယ့် သူမတူအောင်ချစ်သည်။
တီ..တီ...
ဝမ်ရိပေါ်အကြောင်းတွေးရင်း ပြုံးရိပ်ထင်နေသည့်ရှောင်းကျန့်သည် စားပွဲပေါ်က မည်လာသည့်ဖုန်းကြောင့် အာရုံပျက်သွားခဲ့သည်။ ရှောင်းကျန့်ဖုန်းကိုကောက်ကိုင်လိုက်သည်။
" ဟယ်လို "
" ရှောင်းကျန့် ငါချင်းချင်းပါ "
တစ်ဖက်ကချင်းချင်းအသံကြောင့် ရှောင်းကျန့်မျက်နှာလေးပျက်သွားရသည်။ ကလေးပေါက်လေးက ချင်းချင်းနဲ့စကားပြောတာမကြိုက်ဘူး။ ဒါပေမယ့် တွေးကြည့်ပြန်တော့လည်း ချင်းချင်းဆိုတာ ရှောင်းကျန့်သူငယ်ချင်းမလေးပါ။ ဒါကြောင့် ရှောင်းကျန့်စိတ်ကိုအသာလျော့ချလိုက်သည်။ ဖုန်းပြောတာပဲလေ ဝမ်ရိပေည်မှမသိနိုင်တာ။
" အင်းပြောလေ ချင်းချင်း "
" ဒီလိုရှောင်းကျန့်ရဲ့ သဘက်ခါကျရင်လေ ငါတို့သူငယ်ချင်းတွေစုပြီး ညစာစားပွဲလုပ်ကြမလို့။ အဲ့ဒါနင့်ကိုပါလာဖို့ငါဖုန်းဆက်ခေါ်တာ..."
ချင်းချင်းစကားကြောင့် ရှောင်းကျန့်မျက်မှောင်လေးကုတ်သည်။
ညစာစားပွဲအထိသွားလို့ဖြစ်ပါ့မလား။ ဒါပေမယ့်လည်း သူငယ်ချင်းတွေနဲ့လုပ်သည့်ပွဲဆိုတော့ ကလေးပေါက်လေးနားလည်မှာပါ။ ဒါမှမဟုတ် ကလေးပေါက်လေးကိုမပြောဘူးဆိုရင်ရော။ ရှောင်းကျန့်တွေးကြည့်ရင်းခေါင်းငြိမ့်လိုက်သည်။