" ငါတို့ညကျရင် ဘားသွားကြရအောင်ရိပေါ် "
ကျောင်းဆင်းခါနီးမှာပြောလာသည့် Vရဲ့စကားကြောင့် ရိပေါ် V ရဲ့မျက်နှာကိုမော့ကြည့်သည်။
" ဘားကိုဘာသွားလုပ်မှာလဲ "
ရိပေါ်ရဲ့ပြန်မေးလာသည့်မေးခွန်းကြောင့် မျက်နှာလေးမဲ့သွားရသည့် V ကရွဲ့ဖြေသည်။
" တရားသွားထိုင်မှာ "
V ရဲ့ရွဲ့ဖြေလာသည့်အဖြေကြောင့် သဘောကျစွာရယ်မိသည့်ရိပေါ်။ ရိပေါ်ဟာ ဘားသွားရတာကိုသဘောမကျသူပါ။ ဘားတို့ ကလပ်တို့ဆို ရိပေါ်ကိုယ်တိုင်မသွားယုံမက ရိပေါ်အိမ်သားတွေသွားရင်တောင် ရိပေါ်က သဘောမကျပေ။ ဒါကြောင့် ရိပေါ်သဘောမကျသော ကိစ္စမလို့ ရိပေါ်ကိုကိုကျိုးချန်တောင် ကြာကြာနေမှတစ်ခါသွားလေသူဖြစ်သည်။ ဒါကြောင့်ရိပေါ်သည် V ရဲ့စကားကိုငြင်းရန်ဟန်ပြင်လိုက်ပေမယ့် V ဆက်ပြောလာသည့်စကားကြောင့် ရိပေါ် V တို့နဲ့အတူ ဘားကိုအတူလိုက်ဖို့ခေါင်းငြိမ့်လိုက်သည်။
ဒီနေ့က ငါ့ရဲ့မွေးနေ့တဲ့။
ကျောင်းဆင်းတော့ရိပေါ်ဆိုင်ဘက်မလှည့်တော့ပဲ ပါပါးကိုခွင့်တောင်းသည်။ ည ဘားကိုသူငယ်ချင်းနှင့်အတူသွားမည်ဆိုတော့ ပါပါးကခေါင်းငြိန့်သလို ကိုကိုကျိုးချန်ကလည်းသွားစေခဲ့သည်။ မာမားကတော့ စိတ်ပူပန်စွာတားရန်ပြင်ပေမယ့် ပါပါးရဲ့သွားပါစေ တစ်ခါတစ်လေပဲဆိုသည့်စကားကြောင့် မာမားပါအတူခေါင်းငြိမ့်ခဲ့သည်။
ဟိုတစ်ခါဘားမှာ ရိပေါ်ပြသနာဖြစ်ခဲ့သည်ကြောင့် မာမားကတွေးပူနေခဲ့သည်မလား။
ညနေစောင်းသည်နှင့် ရိပေါ်ရေမိုးချိုးပြီး အဝတ်အစားလဲထားလိုက်သည်။ မကြာခင် v နှင့်အတူ jk မောင်းလာသည်ကြားလေးသည် ရိပေါ်တို့အိမ်ရှေ့ရောက်လာခဲ့သည်။ Jk နှင့် V သည်လည်း ရိပေါ်နှင့်ပတ်သတ်ပြီး ဝမ်မိသားစုနှင့်ခင်နေပြီဖြစ်သောကြောင့် jk သည် လူကြီးပီပီ ဝမ်အိမ်တော်ရှိအုပ်ထိန်းသူများကို သူပါဖြစ်ဖြစ်သဖြင့် စိတ်ချရစေရန် ဝက်ခွင့်တောင်းပေးခဲ့သည်။ ထို့နောက် ရိပေါ်သည် Vတို့နှင့်အတူ ဘားသို့ပါလာခဲ့သည်။