41

1.7K 232 21
                                    

" အငယ်ဆုံးလေး "

" ဗျာ ကိုကို "!

မနက်စာစားတဲ့ ထမင်းစားဝိုင်းမှာခေါ်လာတဲ့ ကျိုးချန်ရဲ့ခေါ်သံကိုမျက်လုံးဝိုင်းလေးနဲ့ကြည့်ကာ ထူးလာသည့်ရိပေါ်အား ဝမ်းပါးနဲ့ဝမ်မားကပါ ပြိုင်တူကြည့်လာသည်။

၁၈နှစ်ပြည့်ပြီးကာစ လူပျိုပေါက်လေးက ယခင်ကထက်ပိုပြီးလူကြီးပိုဆန်လာသည်။ ကျောင်းတက်ရင်းတစ်ဖက် အလုပ်ပိုပြီးကြိုးစားလာသည့် လူကြီးပေါက်စလေးပုံစံက ဝမ်အိမ်တော်အတွက်တော့ လူကြီးယောင်ဟန်ဆောင်ထားတဲ့ကလေးငယ်လေး။

" ကျောင်းတက်ရတာအဆင်ပြေလား "

" ဟုတ် အဆင်ပြေပါတယ် ကိုကို "

ရိပေါ်ရဲ့စကားကိုခေါင်းလေးငြိမ့်ပြတဲ့ကျိုးချန်ဟာ ပြောစရာစကားမရှိသေးသလို ရှေ့မှာရှိနေတဲ့ ကော်ဖီပန်းကန်လေးလေးကို ကောက်သောက်နေသည်။ ထိုအချိန်မှာပဲ စကားစလာသည့် ဝမ်ပါး။

" သားငယ်လေး "

" ဗျာ ပါပါး "

" အလုပ်လုပ်ရတာရော အဆင်ပြေလား "

ပါပါးရဲ့စကားကိုကြားတော့ ရိပေါ်ပြုံးလိုက်မိသည်။

" အဆင်ပြေတာပေါ့ပါပါးရဲ့ သားကဘယ်သူ့သားမလို့လဲ ဝမ်group ရဲ့ အငယ်ဆုံးသားလေး ဝမ်ရိပေါ်ပဲဟာ ဘာလို့အဆင်မပြေရမှာလဲ "

ဝမ်ရိပေါ်ရဲ့အဖြေစကားကြောင့် ဝမ်ပါးရော ဝမ်မားပါ သဘောကျစွာရယ်သည်။ ဝမ်ကျိုးချန်ကတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။

" ဒါနဲ့ သားငယ်လေး သားငယ်လေးနား ရှောင်းကျန့်လေးမလာတာကြာပြီနော် "

ပြုံးရင်းနဲ့ပင်စကားဆက်ပြောလာသည့် ဝမ်မားစကားကြောင့် ဝမ်ပါးနဲ့ ဝမ်ကျိုးချန်အကြည့်တွေ့က ဝမ်ရိပေါ်နားရောက်သွားသည်။ ဒါကြောင့် ဝမ်ရိပေည်မှာအနေမတက်စွာပဲ ရှေ့မှာချထားသည့် ကော်ဖီပန်းကန်လေးထဲမှ ကော်ဖီများကိုယူသောက်သည်။

" မာမားသားငယ်လေးက ကျွန်တော့သူငယ်ချင်းကိုစိတ်ဆိုးနေတာလေ"

ဒါကြောင့် ကြားထဲကနေ ဝမ်ကျိုးချန်ကဝင်ဖြေပေးတော့ ဝမ်မာမားကသဘောကျစွာရယ်သည်။ ဝမ်ပါးကတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Onde histórias criam vida. Descubra agora