" ငါတောင်းပန်ပါတယ် ကျိုးချန် "
ရှောင်းကျန့်ရဲ့တောင်းပန်စကားတိုးတိုးကို ကျိုးချန်ကမကြားဟန်ပြုသည်။ ဒါကြောင့် ရှောင်းကျန့်ဟာ ကျိုးချန်ဘက်ကိုသေချာကြည့်ရင်း စကားဆက်ပြောသည်။
" ငါ မင်းကိုမပြောပြချင်တာမဟုတ်ပါဘူး ကျိုးချန် ငါမင်းကို မပြောပြရဲခဲ့တာပါ။ ဘာလို့လဲဆိုတော့ ဝမ်ရိပေါ်က မင်းရဲ့ညီမလား။ ဒါကြောင့် ငါ့သူငယ်ချင်းဖြစ်တဲ့မင်းကို ငါက မင်းရဲ့ညီနဲ့ငါ ချစ်သူတွေဖြစ်နေပါပြီလို့ ဘယ်ဖွင့်ပြောရဲပါ့မလဲကွာ။ ဒါကြောင့် ငါမင်းကိုမပြောပြမိခဲ့တာပါ "
ရှောင်းကျန့်စကားအဆုံး ဝမ်ကျိုးချန်သည် ရှောင်းကျန့်ဘက်လှည့်ကြည့်လာခဲ့သည်။ ဒါပေမယ့် ကျိုးချန်မျက်ဝန်းထဲမှာတော့ ဒေါသရိပ်တွေမတွေ့ရခဲ့။
" ရှောင်းကျန့် "
" အင်း ပြောလေကျိုးချန် "
" ငါက မင်းကို ငါ့ညီနဲ့ကြိုက်နေလို့စိတ်ဆိုးတာမဟုတ်ဘူး မင်းတို့နှစ်ယောက် ဒီလောက်ထိပြသနာတွေဖြစ်နေတာတောင် ငါ့ကိုအရိပ်အမွတ်လေးတောင်ပေးမသိလို့ ငါစိတ်ဆိုးတာ။ ထားလိုက်ပါတော့ အဲ့ဒါတွေက ဒါပေမယ့် ငါတစ်ခုသိချင်တယ်ရှောင်းကျန့် "
" အင်းမေးပါဝမ်ကျိုးချန် ငါ့ဘက်ကမင်းကို အရိုးသားဆုံးဝန်ခံပါ့မယ်..."
" မင်းက ငါ့ညီကိုတစ်ကယ်ချစ်တာလား..."
" အင်း ငါဝမ်ရိပေါ်ကိုချစ်တယ် ပြောမပြတက်အောင်ချစ်တယ် ဝမ်ကျိုးချန်..."
" ဒါနဲရှောင်းကျန့် ငါ့ညီဝမ်ရိပေါ်က မင်းနဲ့မျိုးတူ ယောကျာ်းတစ်ယောက်ဆိုတာ မင်းသိတယ်မလား..."
" အင်း ငါသိတယ် ဝမ်ရိပေါ်ဟာ ငါနဲ့မျိုးတူယောကျာ်းလေးတစ်ယောက်ဆိုတာ ငါသိတယ်..."
" ဒါတောင် မင်းက "
" ဟုတ်တယ် ကျိုးချန် ငါက ဝမ်ရိပေါ်ကို ဝမ်ရိပေါ်မလို့ချစ်မိသွားတာပါ ။ ငါက ဝမ်ရိပေါ်ကို ယောကျာ်း မိန်းမ သဘာဝမခွဲခြားပဲ ချစ်မိသွားလို့ ဝမ်ရိပေါ်ရဲ့ဖြစ်တည်မှုသဘောတရားကို ငါမြတ်နိုးတယ် ငါလက်ခံတယ် "