ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်လက်ကိုဆွဲကာ ရှောင်းပါပါးနဲ့ ရှောင်းပါပါးရဲ့ဒုတိယဇနီးကို သူ့ချစ်သူတစ်ယောက်အဖြစ် မိတ်ဆက်ပေးခဲ့သည်။ ဒါကိုမိဘများသည် အနည်းငယ်အံ့သြသွားယုံမှတပါး ဘားမှပြောမလာခဲ့။ ရှောင်းပါပါးကပြောသည် သားရဲ့အိမ်ထောင်ဖက်ကို ပါပါးတို့ဘားမှမပြောလိုပါဘူးတဲ့။ သားအိမ်ထောင်ဘက်က ဘယ်သူပဲဖြစ်နေပါစေ တစ်ကယ်တမ်းပေါင်းဖက်ရမှာလည်း သားတို့နှစ်ယောက်မလို့ သားတို့စိတ်ချမ်းသာမယ်ဆိုရင် ပါပါးတို့ဘာမှမပြောလိုပါဘူးတဲ့။
ဒါကြောင့်ရှောင်းကျန့်သည် ဝမ်ရိပေါ်လက်ကိုတင်းကျပ်စွာကိုင်ဆွဲကာ အပြုံးလေးနဲ့ခေါင်းငြိမ့်ခဲ့သည်။ ဝမ်ရိပေါ်နှင့်ဖူးစာဆုံခဲ့သည့်ရှောင်းကျန့်ဘဝသည် လွန်စွာမှစိတ်ချမ်းမြည့်ဖွယ်ကောင်းလွန်းပါသည်လို့။
ဒီလိုနဲ့ရှောင်းပါပါးတို့နဲ့ စကားပြေားပြီးအချိန်အတန်ကြာ ရှောင်းကျန့်တို့သည် ရှောင်းပါးတို့ကိုနှုတ်ဆက်ကာ ပြန်လာခဲ့ကြသည်။ ဝမ်ရိပေါ်လက်ကိုဆွဲပြီး အိမ်ပြန်လာသည့်ရှောင်းကျန့်ခြေလှမ်းတွေသည် တက်ကြွမှုတွေနဲ့။ ဘာပဲပြောပြောလေ ချစ်ရသူကိုမိဘတွေသဘောတူညီမှုနဲ့သာ ရှောင်းကျန့်တောင်းရမ်းယူချင်ပါသည်။
ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို ဧည့်ခန်းမှာထိုင်စေပြီး မီးဖိုခန်းထဲသို့ဝင်သည်။ မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေသည့်ရှောင်းကျန့်ကိုကြည့်ကာ ဝမ်ရိပေါ်သက်ပြင်းအသာချသည်။
ဦးကလူကြီးတစ်ယောက်အနေနဲ့ တည်ငြိမ်တဲ့ဆုံးဖြတ်ချက်ကို ချထားပြီးသွားသည့်ဟန်။ဝမ်ရိပေါ်အတွက်ဆို အရာအားလုံးကိုရင်ဆိုင်ဖြေရှင်းပေးမည့်ဟန်။ ဒါကိုအငယ်ဖြစ်သည့်ဝမ်ရိပေါ်က အိမ်ကိုဖွင့်မပြောရဲသေးပဲငြိမ်နေခဲ့တာတောင် ဘာတစ်ခွန်းမှဝင်မပါသည့်ဟန်ကြောင့် ဦးကဲ့အချစ်တွေကို ဝမ်ရိပေါ်အသိအမှတ်ပြုပြီး ယခင်ကထက်ပိုချစ်လာရသည်။
ဝမ်ရိပေါ်ထိုင်နေရာမှအသာထပြီး မီးဖိုခန်းထဲမှာအလုပ်ရှုပ်နေသည့် ရှောင်းကျန့်ခါးလေးကိုသွားဖက်လိုက်သည်။ ရိပေါ်ရုတ်တရက်ဖက်တွယ်လိုက်သည်ကြောင့် အနည်းငယ်အံ့သြသင့်သွားသည့်ရှောင်းကျန့်ဟာ ရယ်သံတိုးတိုးလေးနဲ့မေးလာခဲ့သည်။