ဝမ်ရိပေါ်အသက်ကိုကယ်တင်လို့ဆိုပြီး ဝမ်မိသားစုကရှောင်းကျန့်ကို ဝမ်အိမ်တော်မှာထမင်းစားဖိတ်လာသည်။ ရှောင်းကျန့်က အားနာပြီးငြင်းတော့ ဝမ်ရိပေါ်ဆိုသည့်အကောင်ပေါက်လေးကိုယ်တိုင် ရှောင်းကျန့်ရှေ့ရောက်လာခဲ့သည်။
" ရှောင်းကျန့် "
" ကိုယ်က မင်းထက် ၁၆နှစ်တောင်ကြီးတာနော်..."
ရှောင်းကျန့်စကားကြောင့် ရှောင်းကျန့်ကို ခြေဆုံးခေါင်းဆုံးကြည့်လာသည့် အကောင်ပေါက်လေးက ပြန်ပြီးမေးခွန်းမေးလာသည်။
" အဲ့ဒါဆို ဘယ်လိုခေါ်ရမှာလဲ "
" မင်းကိုကိုကို ခေါ်သလို ကိုယ့်ကိုလဲ ကိုကိုလို့ခေါ်ပေါ့..."
" မခေါ်ချင်ဘူး ခင်ဗျားက တစ်ကယ်ကျွန်တော့အကိုမှမဟုတ်တာ..."
" ရော်....ဒါပေမယ့် ကိုယ်ကမင်းထက် အသက်အများကြီး ကြီးတဲ့လူလေ။ အကယ်၍ ကိုယ်သာ အသက်၁၆နှစ်နဲ့မိန်းမယူခဲ့ရင် ကိုယ်မွေးတဲ့သားတောင် မင်းလောက်ရှိနေမှာ..."
ရှောင်းကျန့်စကားကြောင့် မျက်နှာလေးမဲ့သွားသည့်ဝမ်ရိပေါ်။ ပြီးမှ ရှောင်းကျန့်မျက်နှာလေးကို စူးစူးရဲရဲကြည့်ကာ နာမ်စားလေးတစ်ခုခေါ်လာခဲ့သည်။
" ဦး "
ဝမ်ရိပေါ်နှုတ်ဖျားက ခပ်တောင့်တောင့်ထွက်လာသည့် ခေါ်သံလေးကြောင့် ရှောင်းကျန့် မျက်ခုံးလေးပင့်သွားရသည်။
ဒါပေမယ့် ကိုယ့်ထက် ၁၆နှစ်ငယ်သည့် ကလေးပေါက်လေးက ကိုယ့်ကိုဦးလို့ခေါ်တာ မလွန်ဘူးထင်တာကြောင့် ရှောင်းကျန့်ခေါင်းလေးငြိမ့်လိုက်မိသည်။
" အင်း အဲ့လိုခေါ်တာလဲ အဆင်ပြေပါတယ် "
ရှောင်းကျန့်စကားကြောင့် ဝမ်ရိပေါ်ကနောက်လဲ အဲ့လိုခေါ်မယ်ဆိုသည့် ပုံစံလေးနဲ့ ခေါင်းလေးငြိမ့်ပြလာသည်။
" မာမားကပြောတယ် အိမ်မှာထမင်းစားစောင့်နေမယ်တဲ့ "
ရှောင်းကျန့်မျက်နှာကိုကြည့်ကာ ခပ်တောင့်တောင့်စကားဆိုလာသည့် အကောင်ပေါက်လေး။
ဧကန်န ရှောင်းကျန့်ကိုဝမ်အိမ်တော်က ထမင်းစားဖိတ်တာ ရှောင်းကျန့်ကငြင်းနေလို့ ကာယကံရှင်ဖြစ်တဲ့ ဝမ်ရိပေါ်ကို ကိုယ်တိုင်အခေါ်လွတ်လိုက်ပုံပဲ။