" ရိပေါ် "
ကိုယ်ကသူလေးကျောင်းဆင်းချိန်ကို ကွက်တိချိန်ကိုက်ရောက်လာပေမယ့် ကိုယ့်ကိုတွေ့တာနဲ့ မမြင်ချင်ယောင်ဆောင်ပြီး ကျောခိုင်းသွားတဲ့ ကလေးငယ်လေးနောက်ကို ရှောင်းကျန့်အပြေးလိုက်ခဲ့သည်။ ကျိုးချန်ကပြောသည် သူလုပ်ခဲ့သည့် ကိစ္စတွေကြောင့် ဝမ်ပါပါးနဲ့ ဝမ်မာမားကတောင်မေးနေသည်တဲ့။ ဒါကြောင့် ကျိုးချန်လည်း အမှန်တရားကိုဖွင့်ပြောတော့ ဝမ်ပါပါးနဲ့ ဝမ်မာမားက သဘောကျစွာရယ်သည်တဲ့။ အချစ်ကြီးရင်း ဝမ်အိမိတော်ရဲ့ အငယ်ဆုံးလေးအချစ်ကို ရအောင်ပြန်ကြိုးစားနိုင်ပါသည်တဲ့။ ဒါက ဝမ်အိမ်တော်က ရှောင်းကျန့်ကို တရားဝင်လမ်းဖွင့်ပေးခြင်းမလား။ ဒါကြောင့်ရှောင်းကျန့် နှစ်ခါစဉ်းစားမနေတော့ပဲ သူမှားခဲ့တာတွေကို သူမိုက်ခဲ့တာတွေကို ဝမ်ရိပေါ်လေးကျေနပ်သည်အထိ ဝမ်ရိပေါ်လေးစိတ်ဆိုးပြေသည်အထိ ဝမ်ရိပေါ်လေးခွင့်လွတ်ပေးသည်အထိ တောင်းပန်ဖို့အဆင်သင့်ပြင်ဆင်ပြီးသား။
ခေါ်သံနှင့်အတူ ဖမ်းဆွဲခံလိုက်ရသည့် လက်လေးတွေကြောင့် ရိပေါ် သူ့ကိုဖမ်းဆွဲလိုက်သည့် လက်ပိုင်ရှင်ကို ဘုကြည့်ကြည့်သည်။
" လွတ် "
" ဟိုလေ ရိပေါ် ကိုယ်က "
" မသိဘူး လွတ် "
ဘုဘောက်ဘောက်လေးပြောလာသည့် ရိပေါ်စကားသံကြောင့် ရှောင်းကျန့်သဘောကျစွာပြုံးလိုက်မိသည်။ အရမ်းချစ်ဖို့ကောင်းလွန်းတဲ့ ဒီကလေးငယ်ငယ်လေးမှ ရှောင်းကျန့်ကိုတစ်ကယ်ခွင့်မလွတ်ရင် ရှောင်းကျန့်သေရပါတော့မည်။
" အား တောင်းပန်ပါတယ် ကလေးလေး။ ကလေးလေးက ကိုယ့်ကိုမသိဘူးလား။ အဲ့ဒါဆို ကိုယ် ကလေးလေးကို တရားဝင်မိတ်ဆက်ပါ့မယ်။ ကိုယ့်နာမည်က ရှောင်းကျန့် ရှောင်းရှောင်ကျန့်ပါ။ အသက်ကတော့ ၃၄ ပြီးတော့ ကိုယ်က ရိပေါ်ရဲ့တစ်ဦးတည်းသောကိုကို ဝမ်ကျိုးချန်ရဲ့အချစ်ဆုံးသူငယ်ချင်းပါ..."
ရှောင်းကျန့်စကားအဆုံး ရှောင်းကျန့်မျက်နှာပေါ်ရောက်လာသည့် အကြည့်စူးစူးလေးတွေ။
" အဲ့ဒီတော့ ဘာလုပ်ရမှာလဲ "
" အဲ့ဒါကလေးလေး သိထားသင့်တယ်ထင်လို့လေ "