45

2K 219 10
                                    

ကျောင်းဆင်းချိန် V နဲ့အတူစကားပြောရင်းထွက်လာသည့်ရိပေါ်ဟာ ကျောင်းရှေ့မှာရှိနေသည့် ရှောင်းကျန့်ကားကိုတွေ့လိုက်ရသည်။ ဒါကြောင့် မျက်နှာလေးကရဲရဲနီသွားရင်း....။

" V "

" ပြော ရိပေါ် "

" ငါ့ကို ဆိုင်လိုက်ပို့ပါလား..."

" ဟိုမှာလေ မင်းဘဲကြီးရှိနေတဲ့ဟာ..."

" ဟို...အဲ့ဒါ ညတုန်းက ငါမူးသွားလို့ "

" မူးသွားပေမယ့် ဝန်ခံပြီးပြီမလား ဒါကြောင့်မူမနေနဲ့ ပြန်တွဲလိုက်တော့ "

ရိပေါ်ပခုံးကိုဖက်ကာပြောလာသည့် V ရဲ့စကားကို ရိပေါ်မငြင်နိုင်စွာ။ ချစ်တာကမှန်ပေမယ့် မြန်မြန်ပြန်လက်ခံလိုက်ဖို့ရိပေါ်တွေးမထားဘူး။ ဒါပေမယ့်ညက ရိပေါ်မူးပြီး ပြန်လက်ခံလိုက်မိသလိုပဲ။ ရိပေါ်တွေးရင်း ရှောင်းကျန့်ကားကိုအကြည့်ရောက်တော့ ရှောင်းကျန့်က ကားပေါ်ကနေ ဆင်းလာခဲ့သည်။ ရှောင်းကျန့်ကားပေါ်ကဆင်းလာသည်ကိုတွေ့တော့ Vရဲ့မျက်လုံးများသည် ပြူးကျယ်သွားရ၏။

" ဟေ့ကောင် ရိပေါ် မင်းမဟုတ်မှ "

V ကစကားမဆက်နိုင်စွာ ကားပေါ်ကနေ ခြေလှမ်းကိုထိန်းလျှောက်လာသည့် ရှောင်းကျန့်ကိုငေးကြည့်နေသည်။

မဟုတ်မှ ညက အစားခံရတာရိပေါ်မဟုတ်ပဲ ရှောင်းကျန့်များလားဆိုသည့်အတွေးများနဲ့။ Vရဲ့အတွေးကိုနားလည်ဟန်ပေါက်သည့် ရိပေါ်သည် V ရဲ့လက်မောင်းကို ဖွဖွထိုးသည်။

" မင်းမဟုတ်တာတွေလျှောက်မတွေးနဲ့ "

" အဲ့ဒါဆို မင်းဘဲကြီးက..."

" သူညက မီးထဖွင့်ရင်းမမြင်မကန်းနဲ့ စားပွဲခုံကိုခြေထောက်နဲ့စောင့်မိလို့ ခြေထောက်နာနေတာ..."

ရိပေါ်စကားကြောင့် V သက်ပြင်းအသာချသည်။ မသိပါဘူး သူထင်လိုက်တာက လမ်းလျှောက်တာ ပုံမမှန်တဲ့ရှောင်းကျန့်က ရိပေါ်စားတာများ ခံလိုက်ရတာလားလို့။

ထိုအချိန်မှာပဲ ရှောင်းကျန့်ဟာ ရိပေါ်တို့နားရောက်လာခဲ့သည်။

" ပြန်ရအောင်လေ ဘေဘီ "

ရိပေါ်နားကိုကပ်ကာ စကားတိုးတိုးပြောလာသည့် ရှောင်းကျန့်ကြောင့် ရိပေါ်ခေါင်းလေးအသာငြိမ့်သည်။ ရိပေါ်သည် V ကိုနှုတ်ဆက်ပြီး ရှောင်းကျန့်ကားရှိရာသွားကာ ကားပေါ်တက်ထိုင်တော့ အလိုက်သင့်လေး ကားခါးပတ်ပတ်ပေးလာသည့်ရှောင်းကျန့်က ရိပေါ်နှဖူးကိုဖွဖွနမ်းသည်။ ဒါကြောင့် အနည်းငယ်တင်းတည်သွားသည့် ရိပေါ်မျက်နှာလေး။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Donde viven las historias. Descúbrelo ahora