" ဆရာဝန်ကမှာလိုက်တယ်လေ။ သေချာကျွေးလိုက်ပါတဲ့။ ဒါကြောင့် ဦးက ကျွန်တော့ကို အစာဝင်အောင် ခွန့်ကျွေးရမှာမဟုတ်ဘူးလား "
ဝမ်ရိပေါ်နှုတ်ခမ်းဖျားလေးကထွက်လာသည့် စကားသံကြောင့် ရှောင်းကျန့် ဖတ်ထုတ်ပန်းကန်လေးအား စိုက်ကြည့်လိုက်မိသည်။
မဟုတ်မှလွဲရော ဒီအကောင်ပေါက်လေးက ရှောင်းကျန့်ကို ဖတ်ထုတ်ခွန့်ကျွေးခိုင်းတာတော့ မဟုတ်ဘူးမလား။
ရှောင်းကျန့်တွေးရင်းနဲ့ပင် အကောင်ပေါက်လေးမျက်နှာကိုပြန်ကြည့်မိတော့ သူ့ဟာသူပြောပြီး သူဟာသူရှက်သွားဟန်ပေါက်သည့် အကောင်ပေါက်လေးက သူ့ခေါင်းလေးကို ငုံ့ချကာမျက်နှာလေးကိုဖွက်သည်။
အကောင်ပေါက်လေးကရှက်သွားရင် ခေါင်းလေးငုံ့ကာမျက်နှာလေးကို လူမမြင်အောင်ဖွက်တက်ကြောင်း ရှောင်းကျန့်ပင်သတိထားမိလာသည်။ အကောင်ပေါက်လေးစိတ်ထဲမှာ သူရှက်သွားရင် ခေါင်းငုံ့ချလို့ မျက်နှာလေးမတွေ့ရရင် လုံခြုံသွားသည်ဟု ထင်မှတ်ထားပုံပဲ။ ဒါပေမယ့် အကောင်ပေါက်လေးမသိတာက ရှက်လို့ခေါင်းလေးငုံ့ချကာ မျက်နှာလေးဖွက်လိုက်ပေမယ့် မြင်နေရသေးသည့် နှားရွက်ဖျားလေးတွေနီရဲနေတာကိုတော့ သတိမထားမိသည့်ပုံ။
" ဝမ်ရိပေါ် "
" ဗျာ "
ဗျာထူးရင်း ခေါင်းမော့လာသည့် အကောက်ပေါက်လေးမျက်နှာမြင်တော့ ရှောင်းကျန့်သဘောကျစွာပြုံးလိုက်မိသည်။
ကလေးတွေရှက်ရင်ငိုတက်သည်။ မျက်ရည်လေးများသိုင်းဖွဲ့ဟန်ပေါက်နေသည့် မျက်ဝန်းလေးတစ်စုံနဲ့ ပါးအို့လေးရဲ့ရဲနီနေသည့် ပါးဖောင်းလေးနှစ်ဖက်။ ရဲရဲနီနေသည့် နှာထိပ်လေးရယ်ကြောင့် အကောင်ပေါက်လေးဟာ သူပြောခဲ့သည့်စကားအပေါ် သူဟာသူတော်တော်ရှက်နေကြောင်း ပြသနေသည်။
ဒါကြောင့် ရှောင်းကျန့်ဟာ ကလေးပေါက်လေးမျက်ရည်ကျအောင် စဖို့မကြိုးစားတော့ပဲ ရှောင်းကျန့်ကိုအကိုကြီးတစ်ယောက်ပမာ လာပြီးချွဲနွဲ့နေသည့်ဂျစ်တူးလေးအလိုကိုသာ လိုက်လျောဖို့ပြင်သည်။