" ဒီကောင် ရှောင်းကျန့်ကတစ်ကယ်ချစ်တက်သွားတာပဲ"
ရိပေါ်ကို ဒူးထောက်ကာ ပန်းပေးနေတဲ့ရှောင်းကျန့်ကိုကြည့်ကာ ယွီပင်းကကောက်ချက်ချသည်။ ဒါကို ကြားလိုက်ရသည့်ကျိုးချန်က ယွီပင်းဘက်လှည့်လာသည်။
" မင်းဘာပြောလိုက်တာလဲ ယွီပင်း..."
" အား....ငါ..."!
ပြောစရာစကားရှာမရသည့်ဟန်ဖြစ်သွားသည့် ယွီပင်းကိုကျိုးချန်စိုက်ကြည့်လိုက်သည်။ ဒီကောင်ယွီပင်းဟာ ဝမ်ငယ်လေးနဲ့ရှောင်းကျန့်အကြောင်းကို တစ်ခုခုတော့သိနေသည်။ ဘာလို့လဲဆိုတော့ ရှောင်းကျန့်ဟာ မွေးနေကိုမလာဘူးပြောပြီး မွေးနေ့ပွဲပြီးလောက်တော့မည့်အချိန်မှာ ပန်းစည်းကြီးတစ်စည်းနဲ့ရောက်လာသည်။ ပြီးတော့ ဝမ်ရိပေါ်ရှေ့မှာသွားပြီး ဒူးထောက်တောင်းပန်သည်။ ဒီအပြုအမူဟာ တော်ယုံပတ်သတ်မှုမှမဟုတ်ပဲ။ ဘယ်လောက်ပဲခင်မင်နေကြပါစေ ဘယ်သူမှစိတ်ဆိုးစိတ်ကောက်နေသည့်လူကို ရှောင်းကျန့်လိုလုပ်ငန်းရှင်တစ်ယောက်က ဒူးထောက်တောင်းပန်မှာမဟုတ်ဘူး။ ဝမ်ရိပေါ်ကိုကြည့်ပြန်တော့လည်း အငယ်ဆုံးလေးက မထုံတက်သေးနဲ့ ရှောင်းကျန့်ကိုခေါင်းလေးငုံ့ကာကြည့်နေသည်။ ဒါကြောင့် ကျိုးချန် ယွီပင်းကိုစကားအစ်လိုက်သည်။ ထိုအချိန်မှ ယွီပင်းဟာ ထစ်အအနဲ့အတိုချုံ့ပြီး ရှောင်းကျန့်နှင့်ရိပေါ်အကြောင်းကို ပြောပြလာသည်။
ယွီပင်းစကားအဆုံး ကျိုးချန်သက်ပြင်းအသာချသည်။ မှားယွင်းနေသည်လားမသိပေမယ့် ဒီကိစ္စဟာ ကာယကံရှင်တွေရဲ့ဆုံးဖြတ်ချက်မလို့ ကျိုးချန်ထိုင်ရာမှအသာထလိုက်သည်။
" ကျိုးချန် "
ကျိုးချန်ထိုင်ရာမှထသည့်အခါ ကျိုးချန်လက်ကိုစိတ်ပူစွာလာဆွဲလာသည့်ယွီပင်းကို ကျိုးချန်ခေါင်းလေးငြိမ့်ပြလိုက်သည်။
ယွီပင်းတစ်ကယ်စိတ်ပူသည် ဒီလိုနေ့မျိုးမှာ မတော်တဆ ကျိုးချန်ပေါက်ကွဲသွားရင် ရှောင်းကျန့်တစ်ကယ်အရှက်ရရပေလိမ့်မည်။ တစ်ကယ်လည်း ယွီပင်းကျိုးချန်ကိုမပြောပြချင်ပါ။ ရုတ်တရက်ထွက်သွားသည့်စကားအချို့ကြောင့် ယွီပင်းကျိုးချန်ကို ဝန်ခံလိုက်ရခြင်းဖြစ်သည်။