အတန်းရဲ့စာသင်ခုံထောင့်လေးမှာ တစ်ကိုယ်တည်းထိုင်နေသည့် ဝမ်ရိပေါ်ဟာ အတန်းထဲရှိမည်သူ့ကိုမှဂရုစိုက်မနေဘူး။ ဒါပေမယ့် တည်ငြိမ်တဲ့အသွင်အပြင် ချောမောတဲ့ရုပ်ရည်နဲ့ အေးဆေးစွာတည်ရှိနေသည့် ဝမ်ရိပေါ်ကိုတော့ အတန်းထဲရှိ မိန်းကလေးများပါမက ယောကျာ်းလေးအချို့ကပါ စိတ်ဝင်စားစွာအကဲခတ်နေကြသည်။
လီလီသည် စာသင်ခန်းထဲဝင်လိုက်လျှင်ပင် သူမထင်ထားသည့်အတိုင်း တွေ့လိုက်ရသည့်လူကြောင့် သက်ပြင်းအသာချသည်။
ဝမ်ရိပေါ်ဆိုသည့်ကောင်ကလေးသည် သူမအတွက် ဖမ်းဆုတ်ရခက်ခဲသည့် တိမ်ဆိုင်ငယ်လေးတစ်ခု။ သူမသည် ဝမ်ရိပေါ်ဆိုသည့် ကောင်ကလေးကို အလယ်တန်းအရွယ်ကတည်းကစပြီး တစ်ဖက်သတ်အချစ်တွေထားရှိခဲ့ပေမယ့် ဝမ်ရိပေါ်ဆိုသည့်ကောင်ကလေးသည် သူမကိုမြူမှုံလေးတစ်မှုံမှရှိလိမ့်မည်မထင်ခဲ့ပါ။ ဒါပေမယ့် သူမ၏မလျော့သော လုံးလဝရိယကြောင့် ဝမ်ရိပေါ်အတွက် သတိထားမိစရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ဖြစ်တည်ခဲ့ရသည်။
သူမသည် ဝမ်ရိပေါ်နည်းတူ စကိတ်စီးနိုင်သည်။ ဝမ်ရိပေါ်နည်းတူ ဆိုင်ကယ်ပြိုင်မောင်းနှင်နိုင်သည့် မိန်းမကြမ်းလေးတစ်ဦးအဖြစ် ဝမ်ရိပေါ်ဘေးနား ကပ်ပါးကောင်လေးပမာဖြစ်တည်ခဲ့ရသည်။
ဒါကြောင့် ယခုလိုလူပေါင်းစုံတက်ရောက်နိုင်သည့် ကျောင်းတွင်းမှာတော့ သူမသည် ဝမ်ရိပေါ်ကို စိတ်ချလက်ချမလွတ်ထားနိုင်စွာ ချစ်ကြောင်းတွေရင်ဖွင့်ခဲ့တော့ ပျက်သားစွာငြင်းဆန်လာသည့် ဝမ်ရိပေါ်။ ဒါပေမယ့် သူမကတော့နောက်ဆုတ်ဖို့ဆန္ဒဆိုတာ တစ်စိုးတစ်စိမှ ရှိမနေခဲ့ပါ။
ဒါပေမယ် သူမအတွက် ယခုတော့နှလုံးသားရေးရာထက် အရေးကြီးသော သွေးသားရေးကို အရင်ဖြေရှင်းရပေလိမ့်ဦးမည်။ လီလီသူမ အတန်းရဲ့ထောင့်လေးမှာ ငြိမ်သက်စွာထိုင်နေသည့် ဝမ်ရိပေါ်နားလျှောက်သွားလိုက်သည်။
" ရိပေါ် "
" ...... "
လီလီရဲခေါ်သံကြောင့် လီလီကိုတစ်ချက်လေးသာမော့ကြည့်လာသည့် ရိပေါ်သည် လီလီကို တုန့်ပြန်စကားလေးတစ်ခွန်းတောင်ဆိုမလာခဲ့။