30

2.1K 218 11
                                    

တန်ဖိုးနည်းတိုက်ခန်းတစ်ခုတည်းတွင် စကားပြောနေကြတဲ့ လူနှစ်ယောက်။ တစ်ယောက်ကချင်းချင်းဆိုသည့် မိန်းကလေးဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဂျလေဘီရုပ်နှင့်ကောင်လေးတစ်ယောက်ဖြစ်သည်။

" မ ဘယ်အချိန်ကျမှ ကျွန်တော်တောင်းထားတဲ့ငွေရမှာလဲ "

" ခဏလေးသည်းခံပေးပါဦး မောင်ရယ်..."

" မ အချိန်ဆွဲနေတာကအရေးမကြီးပေမယ့် သူတို့တောင့်တဲ့ငွေကို ကျွန်တော်ကအချိန်မှီမပေးနိုင်ရင် အသတိခံရပြီး မနဲ့ကျွန်တော် ဒီလိုတွေ့ရမှာမဟုတ်တော့ဘူးနော်.."

ထိုကောင်လေးစကားကြောင့် ချင်းချင်းသည် သက်ပြင်းအသာချသည်။ သူမသည် အရင်ကလိမ္မာလွန်းတဲ့အမျိုးသမီးလေးဖြစ်ခဲ့ပေမယ့် ဒီကောင်လေးဆိုသူနှင့်ချစ်သူဖြစ်ကတည်းက အလိမ်အညာတွေနဲ့သာရှင်သန်ခဲ့ရသည်။ သူမရဲ့ကောင်လေးသည် လူကောင်းသူကောင်းလေးမဟုတ်။ အမြဲတမ်းဆေးချ ဘိန်းချနဲ့နေထိုင်ယုံမက တစ်ခါတစ်လေ လောင်းကစားဝိုင်းပါ သွားထိုင်သည့်အခါ တင်လာသည့်အကြွေးတွေကြောင့် အမြဲတမ်းရှောင်ပြေးနေရသူ။

ဒါကြောင့် သူမသည် သူမချစ်သူကောင်လေးအတွက် အမြဲတမ်းငွေရှာနေခဲ့ရသူ။ စဉ်းစားကြည့်လေ သူမမှာလဲ ကျောင်းဆရာမတစ်ယောက်ပဲဟာ ဘယ်လိုလုပ်ပြီးဝင်ငွေကောင်းမှာလဲ။ ဒါကြောင့် သူမသည် ဆရာမလုပ်ရင်း အနည်းငယ်အဆင်ပြေသည်ထင်သည့်ဆရာများကို အပိုင်ကပ်ကာ ချူစားခဲ့ရသည်။ ထို့အပြင် အနည်းငယ်ဆိုးသွမ်းပြီး ချမ်းသာသည်ထင်သည့် ကျောင်းသားလေးများနဲ့လည်း မလွတ်ကင်းခဲ့။

ဒီအချိန်မှာ သူမရှေ့မှာ ငွေတုံးကြီးတစ်တုံးရောက်ရှိလာခဲ့သည်။ ထိုငွေတုံးကြီးနာမည်ကရှောင်းကျန့်တဲ့။ ရှောင်းကျန့်သည် သူမအထက်တန်းအရွယ်တုန်းက စိတ်ဝင်စားခဲ့ရသည့်ကောင်ကလေး။ ဒါပေမယ့် ရှောင်းကျန့်က သူမကိုသူငယ်ချင်းတစ်ယောက်ထက်မပိုပါ။ အခုချိန်ထိလဲ သူမကိုရှောင်းကျန့်က သူငယ်ချင်းထက်မပိုခဲ့။ ဒါကိုသူမသိပေမယ့် သူမချစ်ရသည့်ကောင်လေးအတွက် ရှောင်းကျန့်ကိုသူမအပိုင်ကိုင်နိုင်မှဖြစ်လိမ့်မည်။ ဘာလို့လဲဆိုတော့ ယခအခါရှောင်းကျန့်သည် လိုတိုင်းတရနိုင်သည့် သူဌေးတစ်ယောက်ဖြစ်နေခဲ့ပြီမလား...။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now