" မင်းရဲ့ညီက ကလေးပဲရှိသေးတာကို "
" အေး အဲ့စကားကိုငါ့ရှေ့မှာပဲပြောရှောင်းကျန့်။ သူ့ရှေ့မှာမင်းသွားပြောလို့ကတော့ မီးပွင့်မတက်မျက်လုံးတွေနဲ့ကြည့်ခံရလိမ့်မယ်..."
ကျိုးချန်စကားကြောင့် ရှောင်းကျန့်သဘောကျစွာရယ်သည်။ ဟုတ်ပါသည် ဝမ်ရိပေါ်ဆိုသည့်အကောင်ပေါက်လေးသည် လူကသာခွေးပြစ်တုတ်လောက်ရှိသေးတာ လူကြီးဖြစ်ချင်ပြီး လူကြီးဂိုက်လေးဖမ်းနေတာက လွန်ရော။ ဆရာလုပ်လွန်းတာလဲ အတိုင်းထက်အလွန်။ အနေအေးဆေးပြီး လူကြီးယောင်ဆောင်ထားသည့်ကလေးငယ်လေး။ ယခုလည်း ထိုကလေးငယ်လေးက ဆိုင်ကယ်အရောင်းပြခန်းဖွင့်ဖို့ ကြိုးစားနေသည်တဲ့။ အသက်၁၈နှစ်တောင်မပြည့်သေးတဲ့ ကလေးငယ်လေးက လူကြီးဂိုက်ဖမ်းကာ စီးပွားရေးလုပ်ဖို့ကြိုးစားနေသည်။ ဒါကြောင့် သူငယ်ချင်းဖြစ်သူကျိုးချန်က နိုင်ငံတကာပတ်ပြီး သဘောင်္သားလုပ်ခဲ့သည့်ရှောင်းကျန့်ကို သူ့ညီကိုအကူအညီပေးရန် စကားစသည်။ ဒါကြောင့်ရှောင်းကျန့်မှာ အံ့သြမိရင်း။
ဒါပေမယ့် ဘာပဲပြောပြော ရှောင်းကျန့်သည် ဝမ်ရိပေါ်ကိုကူညီပေးဖို့ဆုံးဖြတ်ချက်ချခံပါသည်။ သူငယ်ချင်းအရင်းကြီးဖြစ်သည့် ကျိုးချန်ညီသည် ရှောင်းကျန့်၏ညီတစ်ယောက်ပင် ဖြစ်သင့်သည်မလို့ ရှောင်းကျန့်သည် ဝမ်ရိပေါ်ကို သွေးသားရင်းပမာ အစစအရာရာ ကူညီပေးဖို့ပြင်ဆင်ပြီးသား။ ဘာပဲပြောပြော အရွယ်မရောက်သေးပေမယ့် ကြိုးစားလိုစိတ်ရှိသည့် ကလေးငယ်ကို အောင်မြင်မှုရရှိစေဖို့ လူကြီးတွေဖြစ်သည့် သူတို့ကကူညီသင့်သည်မလား။
" မင်းညီရဲ့ ဆိုင်ကယ်အရောင်းပြခန်းက ဘယ်မှာဖွင့်မှာလဲ..."
" မြို့ထဲက ငါ့ပါပါးပိုင်တဲ့ မြေနေရာတစ်ခုမှာ..."
" အဆောက်အဦးက ဆောက်နေပြီလား..."
" အကြမ်းတော့ ပုံစံချနေပြီပြောတယ် ဒါကြောင့်မင်းသွားပြီး အကြံဥာဏ်ပေးလိုက်ဦး..."
" မင်းကရော..."
" အေး မင်းအဖေလေးက ငါ့ကိုမပြောနဲ့ ပါပါးရဲ့အကူအညီတောင်မယူဘူးကွ။ သူအခုစီးပွားရေးစလုပ်ဖို့ ငွေကိုတောင် ပါပါးနားက အတိုးနဲ့ချေးတာတဲ့။ ပါပါးက ဒီအတိုင်းယူဆိုတာကို အတိုးမယူရင် သူများနားကချေးမယ်ဆိုလို့ ငါ့ပါပါးတောင် အတိုးယူပြီးမှ ငွေချေးပေးရတဲ့အဖြစ်။ အဲ့လောက်ထိအောင် ငါ့ညီကခေါင်းမာတာကွာ..."