16

2.4K 263 4
                                    

" ကိုကို "

ရှောင်းကျန့်အလုပ်လုပ်နေစဉ် ရုံးခန်းထဲဝင်ကာ ခေါ်လာသည့်မိန်းကလေးအသံကြောင့် ခေါင်းမော့ကြည့်မိသည်။

" မင်း... "!!

" ဟုတ်ပါတယ်ကိုကို ညီမလေးက ကိုကို့ညီမလေး လီလီပါ..."

လီလီစကားကြောင့် ရှောင်းကျန့်မျက်မှောင်ကုတ်လိုက်မိသည်။ မပတ်သတ်ချင်လို့မှ ဝေးဝေးရှောင်ပါတယ်ဆိုမှ ကုမ္ပဏီထိလိုက်လာသေးသည်။

" မင်း ဘာလာလုပ်တာလဲ "

" ညီမလေး ကိုကို့ဆီလာတာပါ..."

" ငါပြောပြီးပြီပဲ မင်းကိုငါ ငါ့ညီမအဖြစ် မပတ်သတ်ချင်ဘူးလို့ "

" ဒါပေမယ့်ကိုကို လီလီတို့ကသွေးသားရင်းတွေပါ.."

" ဒါပေမယ့် ငါမင်းတို့မိသားစုနဲ့ မပတ်သတ်ချင်ဘူး..."

" ကိုကိုက လီလီတို့မိသားစုနဲ့ မပတ်သတ်ချင်ပေမယ့် လီလီကတော့ ကိုကို့နဲ့ ပတ်သတ်ချင်တယ် ကိုကို့ညီမလေးတစ်ယောက်ဖြစ်ချင်တယ် "

" ဒီမှာ မင်းကိုငါ ငါ့ရုံးခန်းထဲကဆွဲမထုတ်ခင် မင်းကိုယ်တိုင်ထွက်သွားတာကောင်းမယ်ထင်တယ် မိန်းကလေး..."

" ကိုကို က ကိုယ့်တစ်ဦးတည်းတည်းသောညီမလေးကို ဆွဲထုတ်ရက်လို့လား..."

" မင်းတို့မိသားစုထင်ထားတာထက် ငါကပိုသွေးအေးတယ် မိန်းကလေး "

" ဒါပေမယ့် ကိုကို "!

" ငါဒေါသထွက်မလာခင် မင်းထွက်သွားတာကောင်းလိမ့်မယ်..."

ရှောင်းကျန့်ရဲ့အေးစက်စက်စကားကြောင့် ခေါင်းလေးအသာငြိမ့်သည့်လီလီက တံခါးဝနားရောက်သည့်အခါ ရှောင်းကျန့်ကိုပြန်လှည့်ကြည့်လာသည်။

" နောက်တစ်ခါလာခဲ့ပါဦးမယ် ကိုကို "

ရုံးခန်းထဲကထွက်ခွာသွားသည့် လီလီကိုကြည့်ကာ ရှောင်းကျန့်စိတ်ရှုပ်ထွေးစွာ တောက်ခတ်မိသည်။

မာမားဆုံးသွားပြီးမကြာခင်မှာ ပါပါးရှောင်းအိမ်တော်ကိုခေါ်တင်လာသည့် မိထွေးသည် ရှောင်းကျန့်နှင့် အသက် ၅ နှစ်သာကွာသည်။ အဲ့အချိန်တုန်းက ရှောင်းကျန့်အသက် ၁၅နှစ် ရှောင်းကျန့်မိထွေးအသက် ၂၀နှစ်ဖြစ်သည်။ သိပ်မကွာသည့် အသက်အရွယ်ပေမယ့် ရှောင်းကျန့်ဟာ ပါပါးရဲ့နောက်မိန်းမ ယမ်းလီဆိုသည့် မိန်းမ၏ အဖိအနိမ့်ခံရသည့်သားကောင်ပမာဖြစ်ခဲ့ရသည်။

ဦးရဲ့ ဂျစ်တူးလေး ( completed ) Where stories live. Discover now