ကျောင်းဆင်းချိန်တိုင်း ကျောင်းရှေ့မှာအဆင်သင့်ရောက်နေသည့်ဦးကြောင့် ရိပေါ်သိပ်ကိုကျေနပ်ရပါသည်။ ရိပေါ်နဲ့ဦး ပြသနာတွေဖြစ်ပြီးနောက်ပိုင်း ဦးကရိပေါ်ကိုပိုပြီးဂရုစိုက်လာသည်။ ပိုပြီး အချိန်ပေးလာခဲ့သည်။ ဦးဟာလုပ်ငန်းရှင်တစ်ယောက်မလို့ အလုပ်တွေရှုပ်ပြီး အချိန်သိပ်မအားပေမယ့် ရိပေါ်အတွက်ဆို ဦးကအချိန်တွေအားပေးတက်သည်။ ဒီနေ့လည်း ကျောင်းရှေ့မှာကြိုရောက်နေသည့် ဦးရဲ့ကားကြောင့် ရိပေါ်ခြေလှမ်းတွေမြန်မြန်လှမ်းလာခဲ့သည်။
" ဟေ့ကောင် ရိပေါ် နေဦး ငါ့ကိုစောင့်ဦးလို့ "
ရိပေါ်နောက်ကနေပါလာသည့် v ကတော့ ရိပေါ်ကိုအမှီပြေးလိုက်ရင်း စောင့်နေဖို့ပြောပေမယ့် ရိပေါ်ကတော့ ခြေလှမ်းတွေမြန်ဆန်နေရင်း...။
" နေဦးဆိုတာ ငါ့ကိုမစောင့်ချင်ဦးဟာ..."
ရိပေါ်ကိုမှီလာသည့် v ဟာ သူ့ကိုမစောင့်ရကောင်းလားဆိုပြီး ရိပေါ်ပခုံးပေါ် မပြောမဆိုခုန်တက်သည်။ ဒါကြောင့် ရိပေါ်မှာ v သူ့ခန္ဓာကိုယ်ပေါ်ကကျမသွားအောင် ရိပေါ်ခါးကိုခွလာသည့် vရဲ့ပေါင်နှစ်ဖက်ကို ထိန်းကိုင်လိုက်ရသည်။
" ဟေ့ကောင် ဆင်းစမ်း "
ရိပေါ်ဆင်းဖို့ပြောပေမယ့် စကားနားမထောင်သည့် v က ရိပေါ်ခန္ဓာကိုယ်ပေါ်ကပြုတ်မကျစေဖို့ ရိပေါ်ခန္ဓာကိုယ်ကိုအတင်းဖတ်တွယ်ထားသည်။ ဒါကြောင့်ရိပေါ်ဟာ v ရဲ့ခန္ဓာကိုယ်ကို သူပေါ်ကဆင်းသွားစေဖို့ခါချရင်း မြေပြင်ပေါ် အရှိန်နဲ့ကျမသွားစေဖို့ထိန်းကိုင်ရင်း ကျောင်းဝန်းအပြင်ဘက်ထွက်လာခဲ့လိုက်သည်။
ရှောင်းကျန့်သည် ကားပေါ်ကဆင်းပြီး ထွက်လာမည့်ချစ်သူလေးအားစောင့်နေစဉ် နှစ်ယောက်သားလုံးလုံးထွေးထွေးထွက်လာသည့် ကလေးနှစ်ယောက်ကြောင့် သဘောကျစွာပြုံးမိသည်။ jk ကပြောသည် v သည်လည်း လူတွေကိုရင်းနှီးလွယ်သူမဟုတ်တဲ့ ကောင်းလေးတစ်ယောက်တဲ့။ ဒါကိုဘာကြောင့် ရိပေါ်နဲ့အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားသည်မသိ။ အသွင်တူလို ခင်သွားကြသည်ထင်ပါရဲ့။ ဘာပဲပြောပြော v နဲ့ရိပေါ်ခင်မင်နေတာလေးက လွန်စွာမှသဘောကျဖို့ကောင်းပါသည်။