ဒီနေ့တော့ jiminစောစောနိုးလာခဲ့သည်။မဟုတ်ရင် ဆရာjeonနဲ့ကားကြုံလ်ုက်ဖို့လွဲသွားလိမ့်မည်။မနေ့ကတညနေလုံး ဦးလေးjinတို့ဆိုင်မှာ ထိုင်စောင့်နေပေမယ့်ဆရာjeonက ပေါ်မလာခဲ့ပါဘူး။
ညကသီချင်းဆိုလိုက်လို့များစိတ်ဆိုးသွားမလားဆိုပြီး ဆိုက်ကို ဝင်နေသေးသည်။ဒါကြောင့်လဲ ဒီမနက် ကျောင်းသွားရင်း အကဲခတ်ဖို့တွေးလိုက်သည်။နောက်ပြီး အမြဲတမ်းစည်းကမ်းတွေနဲ့ကြီးပြင်းလာရတဲ့ဆရာjeonအကြောင်းကို ပြည့်ပြည့်စုံစုံ ကြားရတော့စိတ်ထဲဘဝင်မကျသလိုလို။လူငယ်ဘဝကို အပျော်မပါဘဲ စာနဲ့ အလုပ်နဲ့သာအချိန်ကုန်စေခဲ့တဲ့ ဆရာjeonဘဝလေးကို ဒီနေ့ကစပြီး happy vibeလေးအဖြစ် ကျောင်းသားလေးjiminက ပါဝင်လာဖို့ ပြင်တော့သည်။
လောလောဆယ် ဆရာjeonနဲ့အရင် ရင်းနှီးမှုရအောင်လုပ်ရမယ်။နောက်မှတဆင့် နေ့ရက်တိုင်းကို အပျော်လေးတွေနဲ့ပေါ့ပေါ့ပါးပါး ဖြတ်သန်းဖိူ့jiminက ဆောင်ရွက်ပေးမည်။Planလေးနဲ့တင် ပြုံးပျော်နေတာကြောင့် လက်တွေ့အကောင်ထည်ဖော်ဖို့ ရေချိုးခန်းကိုသာဝင်သွားတော့သည်။တကိုယ်ရည်ကိစ္စပြီးတဲ့နောက်မှာတော့ ဝတ်နေကြ ခပ်ကျပ်ကျပ်အဝတ်စားတွေအစား အဖြူရောင်shirt ကိုမှ အပြင်ခံ
Sweater vestကိုjean pant အနက်လေးနဲ့သာ တွဲဝတ်လိုက်သည်။နောက်ပြီ့း မနေ့ကမှလောလောလပ်လပ် ညှပ်ထားတဲ့ ဆံပင်လေးကိူ ပုံသွင်းလိုက်သည်။
အဆန်းတကျယ်မဟုတ်ပါဘူး ဘီးလေးနဲ့အသာလေး ဖြီးသင် လိုက်ရုံပါ။နောက်ဆုံးအနေနဲ့ စွတ်နေကြ နှင်းဆီနံ့ခပ်သင်းသင်း ရေမွှေးလေးကို သုံးလေးချက် ဖြန်းလိုက်သည်။*မောနင်း ဖေဖေ..*
ဖေဖေကတော့ မနက်၆နာရီဆို နိုးနေကြပါ။ဘာမှလုပ်စရာမရှိရင်တောင် သတင်းစာဖတ်တာဖြစ်ဖြစ် သတင်းနားထောင်တာဖြစ်ဖြစ် လုပ်တက်သည်။ထမင်းစားပွဲဝိုင်းမှာ ဝင်ထိုင်ရင်း အသင့်ဖျော်ထားပေးသော ကော်ဖီကိူသောက်လိုက်သည်။သားဖနှစ်ယောက်ထဲဆိုတော့ အိမ်အကူအဒေါ်ကြီးတယောက်သာရှိသည်။မေမေရှိကတည်းက ရွာဘက်က ခေါ်လာတာ။အခုထိလည်း ရွာမပြန်ဘဲ ယောကျာ်းသားတွေဘဲမို့ စားဖို့သောက်ဖို့ ခက်ခဲမယ်ဆိုပြီး လုပ်ပေးနေတာ။