Jimin တယာက် ထိုးကိုက်လာတဲ့ ဦးခေါင်းနဲ့အတူနံနက်ခင်းကိုနုံးချိစွာ နိုးထလာခဲ့သည်။ပြီးနောက် မျက်ခုံးနှစ်ခု ကြားကို လက်ညှိုးလေးနဲ့အသာနှိပ်နယ်ရင်း ကုတင်ပေါ်မှာ စက္ကန့်အနည်းငယ်ထိုင်နေလိုက်သည်။
ညကအဖြစ်ပျက်ကို ရေးရေးလေးပြန်လည်သတိရလာတော့ လူကြီးတယောက် ဘာများပြောမလဲဆိူပြီး တွေးပူမိသည် ။
သူကမူးနေတယ်ဆိုပေမယ့် အသိလေးတော့အနည်းငယ်ရှိပါတယ်။မထင်မှတ်ဘဲ ရလိုက်တဲ့ အနမ်းဖွဖွလေးက သူ့ရင်ခုန်သံတွေကိုပိုပြီးထိန်းချုပ်နိူင်စွမ်းကင်းမဲ့သွားခဲ့သည် ။ကြာလာရင် သူ့ခံစားချက်တွေ ပေါက်ကွဲထွက်တော့မယ်။
မဖြစ်ဘူး။လူကြီးမှာ ပိုင်ရှင်ရှိတယ်။သူ စည်းစောင့်ရမယ်။ဒါက လူ့ကျင့်ဝတ်နဲ့ မညီတဲ့အတွက်ကြောင့် သူ အတင်းကာရော ရှေ့ဆက်မတိုးဖို့ သူ့ခံစားချက်တွေကို လူကြီးမရိပ်မိအောင် အနေထိုင်ပိရိရမယ်။လွယ်တော့မလွယ်ဘူးပေါ့။တနေ့တနေ့ လူကြီးရဲ့ နေထိုင်သွားလာမှုတွေကို လက်မလွှတ်တမ်းကြည့်နေတဲ့သူက အခု မသိမသာ နေရမယ်ဆိုတော့ခက်ခဲတာပေါ့။ဒါပေမယ့်လည်း ဘာမှမတက်နိုင်ဘူးလေ
သူက ကျောင်းသား ။လူကြီးက ဆရာ။သူက အတင်းရှေ့ဆက်ရင်တောင် လူကြီးက သေချာပေါက် ငြင်းမှာ။မဟုတ်ရင်လည်း မုန်းရင်မုန်းသွားလောက်မှာ။သူ့ ခံစားချက်တခုအတွက်နဲ့ အဲလိုအဖြစ်ခံမယ့်အစား အဝေးကနေဘဲ တိတ်တဆိတ် ခိုးချစ်နေပါ့မယ်။
ဒေါက်!ဒေါက်!
အတွေးတွေနယ်ကျွံနေတုန်း တံခါးခေါက်သံတခုကြောင့် အတွေးပျက်သွားသည်။
*Jimin နိုးပြီလား.*
လူကြီးက ထူးထူးဆန်းဆန်း လာနှိုးလို့ပါလား။
*အာ..ဟုတ်ကဲ့.*
*ဒါဆို ကိုယ်လက်သန့်စင်ပြီးရင်ထွက်ခဲ့နော်။မနက်စာ စားမယ်.*
*ဟုတ်ကဲ့.*
ဟုတ်တယ်.လူကြီးက သူ့ကိုတပည့်တယောက်လိုဘဲ သဘောထားတာ။စိတ်ထိန်း ဂျီမင်။မင်းခံစားချက်တွေကို ထိန်းထား။
ထို့နောက် ပေါ့ပါးလန်းဆန်းအောင် ရေခ်ျုးသန့်စင်လိုက်တော့သည်။