ဒေါက် ဒေါက် ဒေါက် !!!!!
*သား..jimin,.....*
*......*
*သား..ရေ.....*
နံနက်စောစော တံခါးခေါက်သံနဲ့အတူ ဖေဖေ့ ခေါ်သံကိုပါကြားလိုက်ပေမယ့် ပေတေပြီး အိပ်နေလိုက်သည်။မထူးရင် ဆက်ခေါ်မှာမဟုတ်တော့ဘူး။အဲ့လို ထင်ခဲ့ပေမယ့် ခေါ်သံလည်းရပ်မသွားသလို တံခါးကိုလည်း အဆက်မပြတ်ခေါက်နေတယ်။ကျောင်းသွားဖို့နိုးတာလား။၆နာရီကျော်ကျော်ဘဲရှိသေးတယ်လေ။ဒါပေမယ့် ..ငါ ကားကြုံလိုက်ရအူးမှာဘဲ.....အယ် ...
ထို့ကြောင့်ဘဲ ထိုးထိုးထောင်ထောင်ဆံပင်တွေကို သပ်ချလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။
*အစောကြီး..ဖေဖေရာ...ဝှား....*
*သန်းမနေနဲ့တော့ ...စောနက မင်းတီလေးဆီက ဖုန်းလာတယ် မင်းဖွားဖွား ဆေးရုံတင်ထားရတယ်တဲ့........*
*ဟမ်....ဘာဖြစ်တာလဲ ဖွားဖွားက...*
ဖွားဖွားလို့အသံကြားမှာ သူ မျက်လုံးပြူးလာတယ်။အမြဲတမ်း လူငယ်လေးလိုတက်ကြွနေတဲ့ဖွားဖွားက ဘာလို့ ဆေးရုံတက်ရတာလဲ
*အသက်ကြီးလာတော့ လူကြီးရောဂါဖြစ်တာပါ...အဲဒါ ဖေဖေ လိုက်သွားရမယ်...*
*ဘယ်တော့လဲ....*
*နေ့လည်flight..နဲ့... ..*
*ချက်ချင်းကြီးလား....ဒါမယ့် သားက နောက်တပတ် စာမေးပွဲရှိတယ်...*
*သားမလိုက်နဲ့တော့လေ..ဖေဖေဘဲသွားလိုက်မယ်...သားက ကျောင်းပိတ်မှလိုက်ခဲ့တော့...တယောက်ထဲတော့ ဖြစ်တယ်မလား...*
*ဖြစ်ပါတယ် ...ဖေဖေကလည်း....သားက ကလေးလား...*
*ကလေးမဟုတ်လို့ပေါ့....ဘာပြဿနာမှ မရှာနဲ့နော်...*
*စိတ်ချပါ..*
*စိတ်ချပါဆိုတာကြီးကို ငါ ကြောက်တာ...တကယ်လို့ မင်းဖွားဖွားအမြန်ဆုံးသက်သာရင်တော့..ဖေဖေ ၂ပတ်လောက်နေပြီးရင် ပြန်လာခဲ့မယ်...ထပ်ပြောမယ်နော်..ဘာအသံမှပြန်လာရင် မကြားချင်ဘူးနော်...*
*Yes,sir.....*
လက်ကိုနှဖူးပေါ်ဘေးတစောင်းတင်ပြီး အလေးပြုသလိုလုပ်လိုက်တာကြောင့်Mr,parkမျက်မှောင်ကျူတ်ပြီး ကြည့်လိုက်သည်။မလွယ်ကြောလေး......