နေ့တဝက်စာသင်ပြီးလို့ အတန်းချိန်ကုန်သွားခဲ့ပေမယ့် အဆိုးဆာလေးကို သူမတွေ့မိဘူး။
နေမကောင်းလို့များလား။ဒါမှမဟုတ် ကျောင်းပြေးတာလား။ကိုယ်နဲ့မဆိုင်ပေမယ့်လည်း ကိုယ့်တပည့်မဟုတ်လား။စေတနာနဲ့ စာရစေချင်လို့ပါ။ထို့နောက် နာရီကိူကြည့်လိုက်တော့ ၁၁ကျော်ကျော်ကိုပြနေသည်။နေ့လည်စာ စားချိန် နီးနေတာရယ် စာသင်ချိန်မရှိတော့တာရယ်ကြောင့် လေဆိပ်ကိူဘဲ ထွက်လာဖို့ စဉ်းစားလိုက်သည် ။ဘယ်အချိန်လေယာဉ် ဆိုက် မလဲ အတိကျမသိတော့ စောစောလေးသွားစောင့်နေလိုက်ဖို့ တွေးမိသည်။မဟုတ်ရင် မေမေပွားတာ ခံနေရအုန်းမှာ။ဒါကြောင့်ဘဲ ကားသော့နဲ့ ပိုက်ဆံအိတ်ကလေးယူကာ လေဆိပ်ကို ဦးတည်လိုက်သည် ။
ကံကောင်းတယ်လို့ ပြောရမလား သူရောက်သွားပြီး မကြာဘူး America flightကဆိုက်ရောက်လာသည်ဆိုတာကို သူကြားလိုက်သည်။ထို့ကြောင့် ဧည့်ကြို standမှာ သူလည်း ဝင်ရပ်နေလိုက်သည်။မသိတဲ့သူတွေလည်း မဟုတ်တာကြောင့် နာမည်ကြီးရေးပြီး ဘုတ်ပြားတော့ မကိုင်နေတော့ဘူး။ဒီမျက်နှာကို မမှတ်မိစရာရှိပါ့မလား။
ခရီးသည်တွေ တဖွဲဖွဲ ထွက်လာတော့ ဆရာjeonသည်လည်း Meryကို လူအုပ်ကြားအသဲသန်ရှာရသည်။မကြာပါ ခရီးဆောင်အိတ်ကိုဆွဲပြီး ထွက်လာတဲ့ မိန်းခလေးကို သူမြင်လိုက်သည်။အရပ်ကသူ့ပုခုံးလောက်ရှိသည်။ပေါ့ပါးပါးပါး shirtကိုမှ pantနဲ့တွဲဝတ်ထားပြီ့း long coatကိူထပ်ဝတ်ထားသည်။ခပ်ကြီးကြီးsunglassesကို တပ်ထားပေမယ့် Meryဆိုတာ သူတက်အပ်သိသည်။ဘာလို့ဆို Meryမှာ ရယ်လိုက်ရင် သွားစွယ် ခပ်သေးသေးလေးပါနေတာကြောင့်လေ။
သူလည်း ချက်ချင်းလဲ လက်ယမ်းပြလိုက်သည်ဆိုရင်ဘဲ ဒေါက်ဖိနပ်သံညံသွားအောင် သူ့ဆီပြေးလာရင်း လာဖတ်လိုက်တော့ အင့် ခနဲ ဘဲ။
*လာကြိုမယ်လို့ မထင်ထားဘူး...*
*အင်း..မေမေ လွှတ်လိုက်တာ...*
*အန်တီမလွှတ်ရင် jeonကမလာဘူးပေါ့....*
*အဲလို မဟုတ်ပါဘူး...ငါက စာသင်ချိန်တွေရှိနေတာကြောင့်ပါ...*
*ဘာဘဲ ဖြစ်ဖြစ်ပါ လာကြိုပေးတော့ ငါဝမ်းသာတာပေါ့.....ဒါနဲ့ မတွေ့ရတဲ့ နှစ်တွေမှာ ငါ့ကို မလွမ်းဘူးလား.....*