အကျဉ်းရုံးလောက်ဘဲစီစဉ်ထားတဲ့ လက်ထပ်ပွဲလေးတစ်ခု။လူအများကြီးမလိုဘူး။အဓိက ချစ်ရသူနဲ့တသက်လုံးရွှေလက်တွဲနိုင်ဖို့ဘဲမဟုတ်လားအသိသက်သေတွေနဲ့ရုံးတော်မှာလက်မှတ်ထိုးတယ်။နှစ်ဖတ်မိဘတွေက စီးပွားရေးလောကမှာ နာမည်ကြီးတော့ သားဖြစ်သူတွေရဲ့ အိမ်ထောင်ဖတ်က အမျိုးသားတစ်ယောက်ထပ်ဖြစ်နေတော့ ဘယ်လိုမှလက်မခံကြဘူး။hoseok အဖေကပိုဆိုးတာပေါ့ ။အသိပေးပြီးပြီးချင်း လက်ဆောင်အနေနဲ့ နှုတ်ခမ်းကွဲသွားအောင်အထိုးခံလိုက်ရတယ်။
ကျောင်းတက်တုန်းကလည်း hoseokကဂျီမင်ကိုသဘောကျဖူးတယ်ဆိုတာ သူစုံစမ်းလို့သိခဲ့ရတယ်။တခြားကြောင့်ေတာ့မဟုတ်ပါဘူး သူမြတ်နိုးရတဲ့ချစ်သူလေးမို့ အကုန်သိချင်လို့ပါ ။အဲတာကိုလည်း hoseok အဖေကသဘောမကျလို့ ဂျပန်ကိုပို့လိုက်တာ။အခု သူနဲ့လက်ထပ်တော့မယ်ဆိုတော့ ပိုပြီးဒေါသထွက်တာပေ့ါ။
Taehyung ကတော့မမှု့ပါဘူး။ဘယ်သူတွေ ဘယ်လောက်ဘဲကန့်ကွက် ကန့်ကွက် ရအောင်ယူမှာ။ဒါကြောင့်လည်း ဆရာjeonတို့စုံတွဲနဲ့ ဦးjinတို့ကို ဦးဆောင်စေပြီး လက်ထပ်ပွဲကျင်းပလိုက်တယ်။ဆိုလ်းမှာကသူ့အသိတွေသိပ်မရှိဘူးလေ။
လုပ်ငန်းတွဲလုပ်တဲ့သူတွေကတော့ အားနာလို့ထင်တယ်။အားပေးစကားပြော ၊လက်ဖွဲ့တွေလာပေးကြတယ်။
*စိတ်လှုပ်ရှားနေလား ဟန်နီ....*
*မောင်....ငါ့လက်တွေအေးစက်နေတယ် .*
အဖြူရောင်suitနဲ့ကြည့်ကောင်းတာထက်ပိုတဲ့ hoseokကသူ့ကိုတွေ့တော့ မျက်ဝန်းတောက်တောက်လေးနဲ့ပြောလာတယ်။သူလည်းရင်တွေခုန်တာမတရားဘဲ။အကျဉ်းရုံးဆိုပေမယ့် ဟန်နီကကမ်းခြေမှာဆောင်ချင်တယ်ဆိုလို့ အဖြူရောင်သီးသန့်သုံးပြီး အလှဆုံးပြင်ပေးထားတယ်။
ထိုင်ခုံရဲ့အမှီတွေကိုလည်း အဖြူရောင်ဖဲကြိုးတွေနဲ့ချည်နှောင်ထားပြီး လျှောက်လမ်းလေးကိုတော့ နှင်းဆီအဖြူရဲ့ပွင့်ဖတ်တွေဖြန့်ကျဲထားတယ်။ကမ်းစပ်နားမှာဖြစ်လို့ သူတို့ကိုကတိကဝတ်ပြုပေးမယ့် ဖာသာရပ်နေတဲ့နေရာက ရေစပ်နဲ့နီးတယ်။