အပိုင်းတစ်ဆယ့်တစ်

3K 228 13
                                        


အကြိမ်ရေများစွာခေါ်ဆိုနေခဲ့တဲ့ အဝင်ကောလ်လေးကိုကြည့်ပြီးMery သက်ပျင်းချနေတာ ဘယ်နခါမှန်းတောင်မသိတော့ဘူး။မ‌ေန့ညကတည်းက ခေါ်နေခဲ့တာ မအားရင်တောင် ‌စာလေးဖြစ်ဖြစ် ပြန်ပို့သင့်တယ်မဟုတ်လား။အခုတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိတော့ဘူး။မနက်ဖြန်ကစေ့စပ်ပွဲနေ့လေ။ဒါကိုjeonမေ့နေခဲ့တာလား။ဒါမှမဟုတ် တမင်ရှောင်ထွက်သွားခဲ့တာလား ဆိုတာသူ(မ) စဉ်းစားရင်းရင်တွေပူလာသည်။

Jeonမေမေကို မေးပြီးတော့ jeonနေတဲ့ အိမ်ကို လိုက်သွားခဲ့ပေမယ့် ခြံတံခါးရော အိမ်တံခါးပါ သော့ပိတ်ထားသည်။
အိမ်နီးချင်းတွေကို မေးမြန်းကြည့်ဖို့ ဆိုတာကလည်း မဖြစ်နိုင်ဘူး။ဘာလို့ဆို jeonက လူတကာနဲ့ရင်းရင်းနှီးနှီးမနေတာကို သူ(မ )သိသည်။
ဒါကြောင့်လည်း ပြန်ထွက်လာခဲ့လိုက်တာ လမ်းထိပ်နားရောက်တော့ J&J cafeဆိုတဲ့ ကော်ဖီဆိုင်လေးတွေ့တာနဲ့ စိတ်ညစ်ပြေ ဝင်ခဲ့လိုက်သည်။

တိုက်တိုက်ဆိုင်ဆိုင် ဒီဆိုင်က သူငယ်ချင်းဟောင်းjinတို့ဆိုင်ဖြစ်နေခဲ့သည်လေ။မထင်ထားဘူး။ဒီမှာ ပြန်တွေ့ရမယ့်လို့။သူ(မ)နဲ့ သိပ်မရင်းနှီးပေမယ့် jeonရဲ့ ခင်မင်ရဆုံးမိတ်ဆွေမို့ သူ(မ)လည်း အလိုက်ထ်ုက် ဆံဆက်ပေးနေတာ။
Jinကjoonနဲ့ လက်ထပ်လိုက်ပြီလို့တော့ တစွန်းတစ်စက်ု တီတီမေ ဆီက ကြားခဲ့ရသည်။ထို့ကြောင့်ဘဲ တီတိမေက jeonကို jinတို့လိုဖြစ်မှာဆိုးလို့ သူ(မ)နဲ့ အမြန်ဆုံးစီစဉ်ပေးတာပေါ့။သူ(မ)ဘက်ကတော့ jeonကို အရင်ကတည်းက ချစ်နေရသူမို့ ပျော်နေသည်။ဒါပေမယ့် တွေ့ဆုံပွဲနေ့ကစပြီး ပျောက်သွားခဲ့တဲ့jeonစိတ်ထဲမှာတော့ ဘာတွေရှိနေလဲဆိုတာ သူ(မ)အနေနဲ့ ခန့်မှန်းရခက်လေသည်။

ကော်ဖီသောင်ရင်းစကားတခွန်းနှစ်ခွန်းပြောဆိုပြီးတော့ jeonဘယ်သွားလဲဆိူတာ မေးကြည့်လိုက်သည်။jinကိုတော့ ပြောသွားလောက်မှာပါ။

"ခရီးထွက်သွားတယ်။သူဘာတွေစိတ်ညစ်နေလဲမသိဘူး။ငါ့သူငယ်ချင်းကြီးကို သနားလွန်းလို့ ဘယ်လုိလုပ်ရမလဲ။သူ့ခမျာ မိဘစကားကို မလွန်ဆန်နိုင်လို့ သူချစ်တဲ့သူနဲ့တောင် လမ်းခွဲရမလိုဖြစ်နေပြီ။အခုသူ ချစ်သူနဲ့အတူတူ ခရီးသွား‌ေနတာ"ဒါ jin‌ပြန်ပြောလိုက်တဲ့စကားပါ။

Can take My Heart(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ