အေးစက်စက်ကော်ဖီနှစ်ခွက်ကစားပွဲပေါ်မှာအချိန်ကြာကြီးရှိနေခဲ့သည်။မျက်နှာချင်းဆိုင်ထိုင်နေတဲ့လူနှစ်ယောက်သည်လည်း သက်ပြင်းချလိုက် လေပူတွေကိုမှုတ်ထုတ်လိုက်နဲ့ ဘာစကားမှမဆိုဖြစ်သေးပေ။ထို့အတူစားပွဲပေါ်ကရွှေရောင်ဖိတ်စာလေးတစောင်ကလည်းသူ့ကိုလှောင်ပြနေသလိုဘဲ။ဘယ်လိုစိတ်မျိုးနဲ့များလူကြီးကသူ့ကိုလာဖိတ်ရသလဲဆိုတာ မတွေးတက်တော့ဘူး။
သူတို့နှစ်ယောက်က ဘယ်လိုအခြေနေနဲ့ဘယ်လိုအဆုံးသတ်သွားရတာလဲ။ချစ်နေတုန်းဘဲလေ။ပြဿနာတွေဘယ်လောက်များများ သူ ချစ်နေတုန်းဘဲ။ပိုင်ဆိုင်ချင်လို့တောင် လူကြီးရဲ့မိဘေတွနဲ့အတိုက်ခံဖြစ်ရသေးတယ်မဟုတ်လား။
သူ့လက်ကိုမလွှတ်လိုက်ပါနဲ့လို့အကြိမ်ကြိမ်ဆုတောင်းနေခဲ့ရတာ။အခုတော့သူ့ဆုတောင်းသံကို မဖြည့်ဆည်းပေးကြတော့ဘူးထင်ပါတယ်။သူ့ဘက်ကတဇွတ်ထိုးလုပ်ေနရင်လူကြီး စိတ်ရှုပ်သွားမှာဆိုးလို့ လူကြီးဘက်ကဆက်သွယ်လာမယ့်အချိန်ကိုဘဲစောင့်နေခဲ့တာ။
မနေနိုင်လို့တခါတလေ ဦးjinနဲ့အတူလူကြီးရဲ့အိမ်ကိုသွားကြည့်ဖြစ်သည်။တခါမှတော့မဆုံခဲ့ပါဘူး။ဒီနေ့မှ လူကြီးဘက်ကနေ ပထမဆုံးဆက်သွယ်လာခဲ့တော့ ပျော်လွန်းလို့ထခုန်မိသည်။လူကြီးနဲ့အတူနေရတော့မယ်။လူကြီးကသူ့ကိုကြာကြာပစ်မထားပါဘူးဆိုပြီးတော့လေ။
အခုတော့လေထဲတိုက်အိမ်ဆောက်သလိုပါဘဲ။သူ့စိတ်ကူးတွေကြည်နူးမှုတွေက ဖိတ်စာလေးတစောင်ကြောင့်ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်ပြီ။လူကြီးကသူ့ကိုအသည်းခွဲတော့မှာလား ။တကယ်ဘဲထားခဲ့ရက်တာလား။
*လူကြီး.*
*ကိုယ် တောင်းပန်ပါတယ်.*
စက္ကန့်တွေကြာလာတော့jiminကဘဲ စကားစလိုက်သည်။လူကြီးကတော့သူ့အသံကိုကြားတာနဲ့တောင်းပန်စကားအရင်ဆိုသည်။
*ဘာအတွက်လဲ.*
*အရာအားလုံးအတွက်ပါ။ကိုယ်တောင်းပန်ပါတယ်.*
*ခဏလေး...အရာအားလုံးအတွက်ဆိုတာ ဘာကိုဆိုလိုတာလဲ။ကျွန်တော့ကိုရှင်းရှင်းလေးပြောပေးပါ.*