အပိုင်းတစ်ဆယ့်ရှစ်

2.5K 196 22
                                    

*လူကြီး.*

ခေါ်သံနှင့်အတူသူ့ဆီကို‌တရွေ့ရွေ့လာနေတဲ့ကောင်လေး။

*အင်း..နိုးပြီလား..ကိုယ်လက်သန့်စင်ပြီးလာခဲ့ မနက်စာစားမယ်.*

နံနက်ခင်းအလင်းနဲ့အတူကောင်လေး၏မျက်နှာကလေးကကြည်ရှင်းနေသည်။
ရှုပ်ပွနေတဲ့ဆံပင်တွေကိုလက်နဲ့ဖိရင်း မျက်လုံးတွေကိုအတင်းအားယူပြီးဖွင့်နေပုံက သိပ်ကိုအသည်းယားဖို့ကောင်းတယ်။

ကောင်လေးက Jeonပြောတာကို ကြား/မကြားတော့မသိဘူး။
ထမင်းစားခန်းရဲ့တံခါးကိုခေါင်းမှီပြီးသူ့ကိုကြောင်ကြည့်နေသည်။

*ဟေ့..*

*အင်း..*

*အိပ်ရေးမဝဘူးလား.*

*မဟုတ်ပါဘူး.*

*ဒါဆိုသွားလေ.*

တခါမှမချက်ဖူးတဲ့နံနက်စာကိုကောင်လေးစားဖို့အတွက်ချက်ပြုတ်ရင်း ကောင်လေးကိုအပြုံးလေးနဲ့သာပြောလိုက်သည်
ထိုအခါသူ့ကိုမျက်မှောင်ကြုတ်ပြီးကြည့်လာတဲ့ကောင်လေးက နံနက်စောစောဘာတွေအလိုဖြစ်နေလဲမသိ။

*ဘာလဲ.*

ဒီလောက်နှုတ်ခမ်းကြီး‌ဆူပြထားတာတောင်ဘာလဲဆိုတော့ လူကြီးကိုထုရိုက်ချင်လိုက်တာ။
မောနင်းကစ်လေးကို မသိတာလား။တကယ်ပါဘဲ။ဒီလူကြီးကို အစစအရာရာသင်ပေးနေရတာတော့မဟုတ်သေးဘူးမလား။

*လုပ်လေ.*

*မျက်နှာမသစ်ရသေးဘဲနဲ့ ညစ်ပတ်တယ်.*

*ရတယ်လေ.ဒါဆိုလည်း ဒီတိုင်းဘဲရပ်နေတော့မယ်.*

ဂျစ်တိုက်နေတဲ့အဆိုးလေးကို jeonကတော့ မသ်ချင်ယောင်ဆောင်ပြီးချက်ပြုတ်နေလိုက်သည်
ထိုအခါ ကောင်လေးက သူ့ကျောပြင်ကိုမျက်နှာအပ်ရင်းခါးကိုလာဖတ်သည်

*အပူလောင်ကုန်မယ် .*

*ဟင်အင်း..*

*စောစောစီးစီးဂျစ်တိုက်မနေနဲ့ jimin..*

*လူကြီးက တကယ်မချစ်ဘူးဘဲ.*

*ဟော...ဘာဖြစ်ရပြန်တာလဲ.*

*ကြည်နူးချင်တာလေ။ရည်းစားထားပါတယ်ဆို..တစ်တစ်တူးချင်တာပေါ့.*

Can take My Heart(Completed)Donde viven las historias. Descúbrelo ahora