လတ်ဆတ်တဲ့မွေးရပ်မြေရဲ့ လေပြေရနံ့လေးကိုမျက်လုံးစုံမှိတ်ကာ ခဏတမျှရှုရှိုက်လိုက်သည်။ဒီရနံ့က ဆိုလ်းမြို့ရဲ့ရနံ့လေးဘဲ။ဝေးကွာနေတဲ့ အိမ်လေးကိုတဖန်ပြန်ပြီးအခြေချခဲ့ပြန်ပြီ။Luggageအိတ်ကိုအတွင်းရေးမှူးကိုလှမ်းပေးလိုက်ပြီး sunglassesအနက်ရောင်ကို ဟန်ပါပါနဲ့တပ်လိုက်သည်။leatherဂျာကင်အနက်ရောင်ရယ် jean pantအပြာရောင်ကိုဝတ်ဆင်ထားပုံက celeတယောက်ပုံစံပင်။
ဝိုင်းကြည့်နေကြတဲ့မိန်းမပျိုလေးတွေရဲ့မျက်ဝန်းတွေကိုရှောင်ရှားကာ အသင့်ဖွင့်ထားပေးတဲ့အနက်ရောင်ကားလေးထဲကို ဝင်ထိုင်လိုက်သည်။
ထို့နောက် ကြည်နူးမှုတွေပြည့်နေတဲ့အပြုံးတခုကလည်း သူ့နှုတ်ခမ်းထက်မှာထင်ပေါ်နေသည်။
တစ်စုံတစ်ယောက်ရဲ့အကြောင်းကိုတွေးမိသွားလို့ပါ။နှစ်တွေအကြာကြီးအဆက်သွယ်မလုပ်ဖြစ်တဲ့ ချစ်ရသူလေးဆီကိုဒီတခါတော့ အပြီးတိုင်ပြန်လာခဲ့ပြီ။ဘယ်သူမှလည်းကန့်ကွက်မှာမဟုတ်တော့သလို အရင်ကလိုကြောက်ရွံ့တဲ့စိတ်တွေတစ်စိုးတစ်စမျှတောင်မရှိတော့ဘူး။သူ သတ္တိတွေရှိလာပြီ။
*အိမ်ကိုဘဲမောင်းရမလား သူဌေး..*
*ဟင့်အင်း ငါ တနေရာဝင်စရာရှိသေးတယ်...*
အတွင်းရေးမှူး၏အမေးစကားကို Hoseokကပြုံးပြုံးလေးသာပြန်ဖြေလိုက်သည်။ထို့နောက်အလွတ်ရနေတဲ့ နံပါတ်လေးကိုနှိပ်ကာ ခေါ်ဆိုလိုက်တော့သည်။သူ ပြန်လာတာကို jimin သိရင်ဝမ်းသာသွားမလား။ဒါမှမဟုတ် အကြာကြီးအဆက်သွယ်ဖြတ်ထားလို့ စိတ်ဆိုးနေမလား သိချင်တယ်။
စက္ကန့်အချို့ကြာသည်အထိခေါ်ဆိုမှုလေးလုပ်လိုက်တော့ တဖက်ကချိုအီအီအသံလေးကထွက်ပေါ်လာသည်။ထိုအသံေလးေကြာင့် hoseokပြုံးလိုက်သည်။အသံနဲ့တင် သူ့ကိုစိတ်ချမ်းသာစေတယ်။
*ငါ hoseokပါ ..*
*.......*
*ခဏလောက်တွေ့ရအောင်လား။ငါ ဆိုလ်းကိုပြန်ရောက်နေပြီ...*
Jiminဘက်ကလိုလိုလားလားလက်ခံလိုက်တော့ အတိုင်းမသိပျော်သွားခဲ့သည်။ထို့နောက် လက်ဆောင်အနေနဲ့ နေကြာပန်းတစ်စည်းကိုသေသပ်စွာထုပ်ပိုးခိုင်းလိုက်သည်။