နာရီတွေကိုကျော်လွန်ပြီးရက်တွေအထိပါကူးပြောင်းလာခဲ့သည်။အမြန်ပြန်လာပါ့မယ်ဆိုတဲ့လူကြီးရဲ့စကားကိုမျှော်လင့်တကြီးနဲ့စောင့်စားခဲ့ပေမယ့် သုံးရောက်မြောက်ကိုကျော်လွန်လာပြီး သည်ကနေ့ဆိုလေးရက်မြောက်နေ့ကိုရောက်ရှိလာခဲ့သည်။ဒါပေမယ့်လူကြီးနဲ့တူတဲ့အရိပ်ယောင်ကလေးတောင်သူမမြင်ရဘူး။ပြန်မလာခဲ့ဘူး။လူကြီးကသူ့ကိုညာသွားခဲ့တာလား။ဒါမှမဟုတ် လူကြီးအိမ်ကပြန်မလွှတ်လို့များလား။ညဘက်တွေများပြန်လာမလားဆိုတဲ့စိတ်နဲ့တညလုံးထိုင်စောင့်ခဲ့တဲ့နေ့တွေလဲရှိခဲ့တယ်။မိုးသာလင်းသွားတယ်။တိတ်ဆိတ်နေတဲ့အိမ်ကြီးထဲမှာ သူတယောက်ထဲ။
ဖုန်းဆက်တော့လည်း မကိုင်ပေ။အိမ်လိုက်သွားချင်ပေမယ့်လည်း သူမှလူကြီးရဲ့အိမ်ကိုမသိတာ။အတွေးတွေချော်လွန်နေခဲ့တော့ အစားလည်းကောင်းကောင်းစားမဝင်သလို မျက်တွင်းကလည်း ချောင်ကြနေသည်။
*Jimin...*
*ဗျာ.*
*ဦးjinနဲ့အပြင်သွားမယ် လိုက်မလား.*
*ဟင်.*
*ကလေးလေးက ဒီရက်ပိုင်းမှိုင်နေတယ်လေ ဦးjinနဲ့ အပြင်သွားရအောင် နော်..*
တနေ့လုံးဆိုင်ထဲမှာ ဘာစကားမှမပြောဘဲ လာလာထိုင်နေတက်တဲ့ jiminကို ကြာလာတော့သူနဲ့joon.က မကြည့်ရက်တော့ပေ။လူကြီးပြန်လာရင် သိရအောင်ဆိုပြီးအစောကြီးလာစောင့်နေတာတဲ့လေ။ပြည့်ေဖာင်းေဖာင်းပါးနှစ်ဖက်က အခုတော့လေလျော့နေတဲ့ပူပေါင်း လေးလိုပါဘဲ။ချောင်ကျသွားလိုက်တာ။
အခုလည်း jinကသာ စကားတွေပြောနေပေမယ့် jiminကတော့ တွေတွေလေးဘဲအပြင်ကိုငေးစိုက်နေသည်။
*လိုက်သွား လိုက်နော်..ဦးjinကိုစားချင်တာလေးတွေဝယ်ကျွေးခိုင်းလိုက် *
*ဟုတ်ကဲ့.*
ဦးjoonကပါ ထပ်မံတိုက်တွန်းနေတာကြောင့်စဉ်းစားမနေတော့ဘဲ ဦးjinနဲ့လိုက်သွားလိုက်တော့သည်။
လွမ်းတယ် လူကြီးရယ်။ဘာလို့ဖုန်းလေးတချက်တောင်မဆက်ရတာလဲ။အနည်းဆုံးတော့ပြန်မလာဖြင့်ရင်တောင်အကျိုးအကြောင်းတော့ပြောသင့်တာပေါ့။အခုသူက အရူးတယောက်နဲ့တူနေပြီ။အချစ်ရူးလေ။ဆေးမမှီတော့တဲ့အချစ်ရူး။