*ဆိုလ်းကနေပြန်လည်ကြိုဆိုပါတယ် ကလေး..**လွမ်းနေတာ..*
*အင့်!!*
*!ဖြည်းဖြည်းဖတ်ပါ ကလေးရာ..အရိုးတွေကြေကုန်တော့မှာဘဲ..*
အပြည်ပြည်ဆိုင်ရာလေဆိပ်ကြီးထဲ အလွမ်းသယ်နေကြတဲ့jeonတို့ကို အားလုံးကပြုံးပြုံးလေးသာကြည့်နေကြသည်။အရင်လို လူအများရှေ့မှာဆိုပြီး ရှက်ရွံ့မနေတော့ဘူး။ ချစ်နေရရင် လောကကြီးကိုလည်း မေ့နေခဲ့တာ။
Jiminက Sunglassesအနက်ကိုတပ်ထားပြီး jeanအနက်ကိုလည်းခပ်ကျပ်ကျပ်လေးဝတ်ထားသည်။အင်္ကျီကတော့ shirtအဖြူရောင်လက်ရှည်လေး။ဒါပေမယ့် အပေါ်ကြယ်သီးနှစ်လုံးလောက်ကို ဖြုတ်ထားတော့ ညှပ်ရိုးလေးကအထင်းသားပေါ့။
ဒီ ကလေးသူ့ကိုရူးအောင်လုပ်နေတာ။သဝန်တို ရလွန်းလို့ ရူးနိူင်တယ် တကယ်ဘဲ။လေဆိပ်ထဲကထွက်ထွက်ခြင်း luggageအိတ်ကိုချန်ထားခဲ့ပြီးjeonရင်ခွင်ထဲပြေးဝင်လာတာ အင့် ခနဲဘဲ။မတွေ့ရတာ တပတ်လောက်လေးကို တနှစ်လောက်ကြာတယ်ထင်ရတယ်။အချစ်က မပိုင်ဆိုင်ခင်ကလည်း ပူလောင်ရသလို ပိုင်ဆိုင်ရပြန်တော့လည်း ချစ်မဝ လွမ်းမဝနဲ့ ပူလောင်ရပြန်တယ်။
ထို့နောက် ရင်ခွင်ထဲက ပေါက်စလေးကို ဆွဲထုတ်ပြီးမျက်နှာပြင်အနှံ့ကိုအနမ်းပေးလိုက်သည်။jeon အနမ်းကို ကောင်လေးကလည်း သဘောတကျခံယူနေသည်။
*လွမ်းလွန်းလို့ အမြန်ပြန်လာခဲ့တာ..*
*ယောက္ခထီး တော့ဆူနေတော့မှာဘဲ..*
*ပြန်မလာနဲ့တော့ တဲ့.*
*အဟား..*
သူ့အမေးကို ကောင်လေးက ရယ်သွမ်းရင်းဖြေသည်။ဩဇီက အလုပ်တွေကို တပတ်အတွင်းအပြီးဖြတ်ခဲ့ပြီး သူ့ဆီပြေးလာတဲ့ ကောင်လေးကို အပိုလက်ဆောင်အနေနဲ့ နှုတ်ခမ်းထူထူလေးကို ဖွဖွလေး နမ်းရှိုက်လိုက်သည်။ထိုအခါ ကောင်ေလးက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့်ကြည့်လာသည်။
*ဘာလို့လဲ..*
*လိုချင်သေးတယ်.*
*ကိုယ် ကားမောင်းနေတယ်လေ.အိမ်ရောက်မှ..*
*အကြာကြီးနော်..*
*သဘောတိုင်းပါ ဘဲ..*
High wayလမ်းမထက်မှာ ပြေးဆွဲနေတဲ့ခဲရောင်ကားလေးကထဲမှာတော့ ချစ်ကြည်နူးနေကြတဲ့စုံတွဲလေးထံမှ ရယ်သံလွင်လွင်ေလးက လမ်းမထက်ဖုံးလွှမ်းနေတော့သည်။
ကားမောင်းနေတဲ့jeonသည်လည်း ကျန်လက်တဖက်ဖြင့် ကောင်လေး၏ ပြည့်ဖောင်းဖောင်းလက်ဖဝါးလေးကို ဆုတ်ကိုင်ထားသည်။တခါတခါလည်း အသံမြည်သည်အထိ အနမ်းပေးပြန်သည် ။